CNI International News
ပနားမား၊ အောက်တိုဘာ ၁၀
မြောက်အမေရိကတိုက်သို့ ရောက်ရှိရန် မျှော်လင့်ချက်ဖြင့် ဟေတီလူမျိုးအများစုပါဝင်သော ရွှေ့ပြောင်းနေထိုင်သူ ၉၁,၃၀၀ သည် ပနားမားနိုင်ငံရှိ အန္တရာယ်များလှသော ဒါရီယန်ဂက် (Darien Gap) နယ်မြေရှိ တောတောင်ကို ဖြတ်ကျော်သွားလာ ခဲ့ကြကြောင်း နိုင်ငံတကာရွှေ့ပြောင်းနေထိုင်မှုအဖွဲ့ (IOM)က အောက်တိုဘာ ၈ ရက်တွင် ထုတ် ပြန်သည်ဟု အယ်လ်ဂျာဇီး ယား သတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ယခုနှစ် ဇန်နဝါရီလနှင့် စက်တင်ဘာလအကြား လက်တင်အမေရိကရှိ အန္တရာယ်အများဆုံး လမ်းကြောင်းများထဲမှ တစ်ခု အပါအဝင်ဖြစ်သော ဒါရီယန်ဂက်ကို ဖြတ်သန်းသူ ၅၆,၆၀၀ ရှိခဲ့ကြောင်း ပနားမားရွှေ့ပြောင်း အခြေချသူများ၏ စာရင်းများကို ကိုးကားလျက် IOM က ထုတ်ပြန်ခဲ့သည်။ ၎င်းတို့ထဲမှ အတော်များများမှာ ကလေးသူငယ်များကို ချီပိုးခေါ်ဆောင်လျက်၍ ဖြတ်ကျော်နေသည်အား တွေ့ရ ကြောင်း ယင်းထုတ်ပြန်ချက်၌ ဆက်လက်ရေးသားထားသည်။
Source: Aljazeera
#ပနားမားနိုင်ငံ
#ဒါရီယန်ဂက်နယ်မြေ
#တောတောင်
#ဖြတ်ကျော်
#အန္တရာယ်များ
#ဟေတီလူမျိုး
#ကိုလံဘီယာနိုင်ငံ
#အမေရိကန်နိုင်ငံ
#ခိုလှုံခွင့်တောင်း
#နယ်စပ်ဖြတ်ကျော်
#ရွှေ့ပြောင်းသူများ
#စီးပွားရေး
#အလုပ်အကိုင်
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-business/1575-2021-10-10-05-37-20