CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၀
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံရေးပါတီ အချို့သည် အောက် တိုဘာ ၉ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေးလုပ်ငန်း အပါအဝင် PR စနစ် ကျင့်သုံးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
အချိုးကျ ကိုယ်စားပြုသည့် ရွေးကောက်ပွဲစနစ် (Proportional Representation - PR) စနစ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းမထားသည့်အတွက် မည်ကဲ့သို့ ကျော်လွှား လုပ်ဆောင်နိုင်မလဲဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ကိုယ်စားပြု တက်ရောက်ခဲ့သည့် ဘဏ္ဍာရေးမှူး ဒေါက်တာစိုင်းကျော်အုန်းက မေးခွန်းထုတ်ခဲ့ကြောင်း သိရ သည်။
#NSPNC
#နစက
#နိုင်ငံရေးပါတီ
#တိုင်းရင်းသားပါတီ
#တွေ့ဆုံဆွေးနွေး
#PRစနစ်
#အခြေခံဉပဒေ
#FPTPစနစ်
#ရွေးကောက်ပွဲ
#လွှတ်တော်
#နိုင်ငံရေး
#ပြည်တွင်းသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1585-pr-2