CNI International News
 
အာဒစ်အဘာဘာ အောက်တိုဘာ ၆
 
လက်ရှိအီသီယိုးပီးယားဝန်ကြီးချုပ် အေဘီအာမက်သည် တီဂရေးမြောက်ပိုင်းဒေသတွင် လအတန်ကြာ ပဋိပက္ခများအပါအဝင် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရင်းကြားက ၎င်း၏အစိုးရသစ် နောက်ထပ် ၅ နှစ်သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
 
အေဘီအာမက်သည် အီသီယိုးပီးယားတရားရုံးချုပ်မှ တရားသူကြီးချုပ် မီယာဇာအရှန်နဖီ၏ စီစဉ်ပေးသည့် ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အောက်တိုဘာ ၄ ရက်က တက်ရောက်ခဲ့သည်။ ၎င်းနှင့်အတူ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့လည်း အသီးသီး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။
 
Source: Aljazeera
 
#အီသီယိုးပီးယား
#တီဂရေး
#အေဘီအာမက
#ကျမ်းသစ္စာကျိန်ဆို
#ဝန်ကြီးချုပ်
#အစိုးရ
#လွှတ်တော်ဉက္ကဌ
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1502-2021-10-05-09-23-38