CNI News
 
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၆
 
မြန်မာနိုင်ငံ မူဆယ်မြို့နှင့် ထိဆက်နေသော နယ်စပ်မြို့ဖြစ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျယ်ဂေါင်မြို့တွင် ကိုဗစ်ကန့်သတ်ချက်ကြောင့် ၆ လကျော်ကြာပိတ်မိနေသည့် ကုန်ပစ္စည်းများအား မြန်မာနိုင်ငံဘက်သို့ ပြန်သယ်ခွင့် ပေးမည်ဟု ယူနန်အစိုးရမှ ကြေညာခဲ့ကြောင်း သိရသည်။
 
မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဌ ဦးမင်းသိန်းက “မြန်မာနိုင်ငံသားတွေပိုင်တဲ့ ကုန် ပစ္စည်းမျိုးစုံက တွဲကား ၇၀၀ စာလောက်ပိတ်မိနေတယ်။ ဒီလို ပိတ်မိနေတော့ ၇၀၀ စာကို လကလည်း ၆ လ လောက်ရှိသွားပြီဆိုတော့ အန်ကယ်တို့ကနေပြီး နှစ်ဖက်တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ဆွေးနွေးတော့ သူတို့က ရတယ်တဲ့၊ ဒါတွေကိုတော့ ကျယ်ဂေါင်မှာပိတ်မိနေတဲ့ ကားအစီး ၇၀၀ စာ ကုန်မျိုးစုံကိုပေါ့ ထွက်ခွင့်ပေးမယ်တဲ့။ ဒါကြောင့် ဗမာပြည်ကနေ ပြီး တွဲကားတွေက ခါလီလာရမယ်။ လာပြီးလို့ရှိရင် ကုန်ပစ္စည်းတွေတင်ရမယ်။ တင်ပြီးရင် မူဆယ်ဘက်ကို ပြန်မောင်း။ ဒီ ခါလီကား အစီး ၇၀၀ လောက်ကုန်သွားရင်တော့ သူတို့က ပြန်ပိတ်မယ်။ အဝင်အထွက်ကိုက အရင်အတိုင်းပဲ။ ဆက်လက် ရပ်စဲမြဲ ရပ်စဲပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။
 
#တရုတ်နယ်စပ်
#မူဆယ်မြို့
#ဒုဥက္ကဌဦးမင်းသိန်း
#ကျယ်ဂေါင်မြို့
#စီးပွားရေး
#CNImyanmar
#cninews
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-business/1501-2021-10-05-08-23-39