CNI International News
 
အယုဒ္ဓယ၊ အောက်တိုဘာ ၄
 
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ ၁၇၅၀ ပြည့်နှစ် အယုဒ္ဓယခေတ်က တည်ဆောက်ခဲ့သော ရှေးဟောင်း ဗုဒ္ဓသာသနိက ကျောင်းတော်သည် အောက်တိုဘာ ၃ ရက် နံနက်ပိုင်းက ရေကြီးမှုကြောင့် ကာကွယ်ရေးတံတိုင်းပြိုကျခဲ့ကာ ရေလွှမ်းမိုးမှုခံခဲ့ရကြောင်း ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြထားသည်။
 
ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲက ကျောက်ဖယားမြစ်ရေလျှံတက်လာသဖြင့် ဘန်းဘန်ခရိုင်၊ ဝပ်ချူ လာမနီအမည်ရှိ ရှေးဟောင်းကျောင်းတော်၏တောင်ဘက်တံတိုင်းပြိုကျပြီး ကျောင်းပတ်ပတ်လည်၌ ရေများ လွှမ်းမိုးသွားခဲ့သည်။
 
Source: Bangkok Post
 
#ထိုင်းနိုင်ငံ
#အယုဒ္ဓယ
#ရှေးဟောင်း
#ဗုဒ္ဓသာသနိက
#ရေကြီးမှု
#ထိုင်းဆည်မြောင်းဝန်ကြီးဌာန
#ကျောက်ဖယားမြစ်
#ပျက်ဆီး
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန် --- https://cnimyanmar.com/index.php/all/weather/1484-2021-10-04-07-55-53