CNI International News
မောင်တိန်းဗျူး(ကာလီဖိုးနီးယား)၊ အောက်တိုဘာ ၄
သက်ဆိုင်ရာမှ အတည်ပြုထားသော Covid-19 ကာကွယ်ဆေးများအကြောင်း သတင်းအမှား ဖြန့်ချိနေသော အကြောင်းအရာ နှင့် ဗီဒီယိုဖိုင်များ အားလုံးကို YouTube ပလက် ဖောင်းပေါ်မှ ယခု(အောက်တိုဘာလ)ဆန်း၌ ဖယ်ရှားရှင်းလင်းခဲ့ကြောင်း YouTube က သတင်းထုတ်ပြန်ခဲ့သည်။ 
အတည်ပြုထားသော ကာကွယ်ဆေးများသည် အန္တရာယ်ရှိကြောင်း၊ အော်တစ်ဇင် (Autism) နှင့် ကင်ဆာကဲ့သို့ ရောဂါများ ဖြစ်စေနိုင်ကြောင်း၊ မျိုးပွားခြင်းဆိုင်ရာ ထိခိုက်ကြောင်း ပြောဆိုထားသည့် ဗီဒီယိုဖိုင်များကို ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း YouTube ပိုင်ရှင်ဖြစ်သည့် Google ကုမ္ပဏီက သတင်းထုတ်ပြန်သည်ဟု ဘီဘီစီအင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်၌ ရေးသားဖော်ပြ ထားသည်။ 
Source: BBC 
#YouTube
#ကိုဗစ်သတင်းအမှား 
#တင်ခွင့်မပြု 
#လူမှုမီဒီယာကနေဖယ်ရှား 
#Google
#ကျန်းမာရေးသတင်း 
#ဆိုရှယ်မီဒီယာ 
#သတင်းအမှား 
#နိုင်ငံတကာ 
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန် --- https://cnimyanmar.com/index.php/local-news/local-health/1482-youtube
	    	  	
	    	      
	    
	  	  