CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁
အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)တိုင်းမှူး၏ လုံခြုံရေးယာဉ်တန်းကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA )ကနေ ခွဲထွက်သွားသည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(ခွဲထွက်-DKBA)အဖွဲ့က ကော့ကရိတ်မြို့ နယ်ထဲမှာ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။
ရတခ တိုင်းမှူးသည် ကရင်ပြည်နယ်၊ ကော့ကရိတ်ကနေ မြဝတီမြို့နယ်သို့အသွား အာရှလမ်းမကြီးပေါ်က ကျိုက်ဒုံ- ကော့ကရိတ်လမ်းဆုံအနီးမှာ စောကျော်သက် ဦးဆောင်သည့် ခွဲထွက်-DKBA အဖွဲ့က ယနေ့(အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းတွင် တိုင်းမှူး၏ လုံခြုံ ရေး ယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူကတော့ တိုင်းမှူးယာဉ်တန်း တိုက်ခိုက်ခံရမှု သတင်းကို အောက်ခြေကနေ အ ကြောင်းကြားလာကြောင်း၊ အသေးစိတ်ကိုတော့ မသိရသေးကြောင်း CNI သတင်းဌာနသို့ ပြောသည်။
#ရတခတိုင်းမှူး
#ကရင်ပြည်နယ်ခရီးစဉ်
#ကော့ကရိတ်မြို့နယ်
#အာရှလမ်းမပေါ်
#ခွဲထွက်DKBA
#တိုက်ခိုက်
#လုံခြုံရေးယာဉ်တိုက်ခိုက်ခံရ
#တပ်မတော်
#ပြည်တွင်းသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1440-dkba-2