CNI News
 
၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၁
 
အောက်တိုဘာ ကျောင်းပိတ်ရက်ရှည် ကာလအလွန်တွင် ကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက် နေပြီး အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာ ဒုတိအပတ်နှင့် တတိယ အပတ်တို့တွင် ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
 
ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက“အသေးစိတ်တော့ မသိသေးပါဘူး။ ကျနော်တို့ကတော့ ကလေးတွေကို အလယ်တန်း၊ အထက်တန်းတွေကို ကာကွယ်ဆေးထိုးပါမယ်။ ကျောင်း အတွက် ပြင်ဆင်တဲ့အနေနဲ့ပေါ့နော်။ အဲ့ဒါ ဒီအောက်တိုဘာလ ဒုတိယအပတ် တတိယအပတ်လောက်ဆိုရင် ကျနော်တို့စပြီး ဒီအစီအစဉ်ကို လုပ်ပါမယ်” ဟု CNI သတင်းဌာနသို့ပြောသည်။
 
#ကျောင်းပိတ်ရက်
#ကျန်းမာရေးဝန်ကြီးဌာန
#ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး
#COVID-19
#ကျန်းမာရေး
#ကာကွယ်ဆေးထိုး
#CNImyanmar
#cninews
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-health/1443-2021-10-01-08-09-30