CNI Interview
၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၀
ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ ဩဂုတ် ၁၁ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့သည်မှာ ယခုဆို ၁၁ နှစ်ပြည့်ပြီ ဖြစ်သည်။ ထို့နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၀)ဖွဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့ သည်။
သို့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်မှ အာဏာရယူပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများ နှေးကွေးသွားခဲ့ပြီး NCA စာချုပ်မှာလည်း ပျက်ပြယ်ပြီဟု သုံးသပ်မှုများလည်း ရှိလာ ကြသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး PPST မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစောကျော်ညွန့်ကို CNI သတင်း ဌာနက ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ ဦးသိန်းစိန် အစိုးရကနေပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းကို ကမ်းလှမ်းခဲ့တာ အခုဆိုရင်တော့ ၁၁ နှစ်ပြည့်ပြီပေါ့လေ။ ဒီ ၁၁ နှစ်အတွင်းမှာ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဘယ်လောက်ထိ တိုးတက်ခဲ့လဲ ဘယ်အတိုင်းအတာထိ လုပ်ဆောင်နိုင်ခဲ့လဲပေါ့။ ဒီဟာလေးနဲ့ ပတ်သက်ပြီးတော့ သိလိုပါတယ်ဗျ။
ဖြေ ။ ။ ဒီဥစ္စာ ဖြစ်စဉ်ပြန်ပြောမယ်ဆိုရင်တော့ တော်တော်လေး ကြီးမားကျယ်ပြန့်ပါတယ်။
ဦးသိန်းစိန် ကမ်းလှမ်းခဲ့တာကလည်း ဟိုး ၂၀၁၁ ကစပြီးတော့လေ ၂၀၁၁ ကစပြီးတော့ ကမ်းလှမ်းတယ်။ ကမ်း လှမ်းပြီးတော့လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တော်တော်များများ bilateral ceasefire agreement ပေါ့လေ၊ ပဏာမ အပစ်ရပ်စာချုပ် သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်။
တချို့ အဖွဲ့တွေလည်း စာချုပ်တစ်ခု နှစ်ခု တစ်ချို့အဖွဲ့တွေလည်း စာချုပ် ၄ , ၅ ခုလောက်ဖြစ်ပြီးတော့ နောက်ဆုံး ပေါ့လေ၊ ဒီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့ သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်တဲ့ အဆင့်အထိ ပေါ့လေ၊ လုပ်ဆောင်နိုင်ခဲ့တဲ့ ဖြစ်စဉ် တလျှေက်လုံးမှာကတော့ အချိန် အတိုင်းအတာအရလည်း တော်တော်လေး ကျယ်ပြန့်တဲ့ အခါကျတော့လေ အဲ့ဒါကို ပြန်ပြောမယ်ဆိုရင်တော့ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ရှိသလို ဒါပြောရမယ့် အချက်အလက်တွေလည်း အများကြီးရှိမှာ ဖြစ်ပါတယ်။
ဦးသိန်းစိန် လက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA လက်မှတ်ရေးထိုးကြစဉ်
ပြီးတော့လည်း ဆရာတို့ သိတဲ့အတိုင်းပဲ ကျနော်တို့ ၂၀၁၅ မှာ ဦးသိန်းစိန် အစိုးရကနေ စတင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးရဲ့ နောက်အဆင့်ပေါ့လေ၊ NCA လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ NCA လက်မှတ် ရေးထိုးခဲ့ပြီးတော့ NCA လက်မှတ်ရေးထိုးတာကလည်း ၂၀၁၅ အောက်တိုဘာလ ဆိုတော့လေ၊ ဆရာတို့ သိတဲ့အတိုင်း ၂၀၁၅ ရွေးကောက် ပွဲမှာ ဦးသိန်းစိန်ရဲ့အစိုးရကလည်း နေရာမရတော့တဲ့ အခါကျတော့ ကျနော်တို့က NCA ကိုတော့ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ကျနော်တို့ လက်မှတ်ရေးထိုးခဲ့တယ်။
သို့သော်လည်းပဲ NCA ကို အကောင်အထည်ဖော်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် လုပ်တဲ့အခါကျတော့ အစိုးရအသစ် လက်ထက်မှာလည်း ကျနော်တို့ ၅ နှစ်တိုင်တိုင် လုပ်ခဲ့တာလည်း ရှိတာပေါ့။ သို့သော်လည်းပဲ ဆရာတို့သိတဲ့ အတိုင်းပဲ ကျနော်တို့ ဒါအားရ ကျေနပ်လောက်တဲ့ရလဒ် ထွက်လာနိုင်အောင်တော့ ကျနော်တို့ လုပ်ဆောင် နိုင်စွမ်း မရှိပါဘူး။ ဒါတွေကလည်း အစိုးရ အပြောင်းအလဲကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
ပြီးတော့လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးပေါ့လေ၊ ဒီ NCA လမ်းကြောင်းကနေ ဖော်ဆောင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ အကုန်လုံး မပါဝင်နိုင်ခဲ့တဲ့ အကျိုးကျေးဇူးလည်း ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး ချုပ်လိုက်တဲ့ အခါကျတော့ ဒီ ၂၀၂၁ အာဏာသိမ်းတယ်လို့ပဲ ပြောမလား ထိန်း တယ်လို့ပဲပြောမလား အဲ့ဒီကနေစပြီးတော့ ဒီအာဏာသိမ်းမှုဖြစ်ပေါ်ပြီး နောက်ပိုင်းမှာဆိုရင်တော့ ဒီ ဦးသိန်းစိန် အစိုးရလက်ထက်က အစပြုပြီးတော့ ဒီအစိုးရလက်ထက်မှာ အကောင်အထည်ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် ပေါ့လေ၊ NCA လမ်းကြောင်းကနေ လုပ်ခဲ့တဲ့ ဒီကြိုးပမ်းမှုတွေ အားလုံးကလည်း ပျောက်ကွယ်သွားတာ ဆရာတို့ အားလုံး သိတဲ့အတိုင်းပါပဲ တစ်နှစ်ရှိသွားပြီ။
မေး ။ ။ NCA လက်မှတ် ထိုးပြီးနောက်ပိုင်းမှာပေါ့လေ၊ တိုက်ပွဲ အရေအတွက် ဘယ်လို ကွာခြားသွားသလဲ။ ဥပမာ ကရင်ဘက်မှာဆိုရင်တော့ KNU တို့ဖြစ်တဲ့ တိုက်ပွဲတွေဟာ NCA မထိုးခင်နဲ့ NCA ထိုးပြီးတဲ့ နောက်ပိုင်း နောက်လူထုတွေရဲ့ တိုက်ပွဲရှောင် အနေအထား ဒီဟာတွေရော ဘယ်လိုကွာခြားမှုရှိလဲဗျ။
ဖြေ ။ ။ ဒါကတော့လည်း ဒါပုံမှန် အနေအထား မဟုတ်တဲ့ နိုင်ငံရေး အခင်းအကျင်း တစ်ခုအောက်မှာ ကျနော် တို့ အကုန်လုံး ရင်ဆိုင်ကြုံတွေ့နေကြတဲ့အခါမှာ ဒါသတိရှိစရာပေါ့လေ။ အဲ့ဒါတွေကတော့ အမျိုးမျိုးရှိကြမှာပါ။ လက်နက်ကိုင်တိုက်ပွဲ ဆိုတာကလည်းပဲ ဒီ NCA အကောင်အထည်ဖော်ဖို့ ကာလမှာကတော့ ကျနော်တို့ ဒါတော် တော်လေး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် ဒီ ရခိုင်ကလွဲလို့ ပြည်ထောင်စု တစ်ဝှမ်းလုံး ကျန်တဲ့ နေရာတွေက တော်တော်များများမှာ ပစ်ခတ်တိုက်ခတ်မှုတွေ မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်နိုင်ခဲ့တဲ့ အားသာချက်တွေလည်း အများကြီး ကျနော်တို့ သိရှိခဲ့ရတာပေါ့။