CNI News

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၇

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ တတိယလှိုင်းကို ပြည်သူလူထု ရင်ဆိုင်ကျော်ဖြတ်နေကြရပါတယ်၊ အခုလို ရင်ဆိုင်ကျော်ဖြတ်နေတဲ့အချိန်မှာပဲ အောက်ဆီဂျင် လိုအပ်မှု မြင့်တက်နေလို့နေပါတယ်။ ဒါကြောင့် အောက်ဆီဂျင် လိုအပ်မှုကို ပြည်သူတွေကလည်း သူတို့တက်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကြိုး ပမ်း လုပ်ဆောင်ပေးနေတာတွေ့ရပါတယ်။
အဲဒီထဲမှာ ဟင်္သာတမြို့နယ်က ဦးထွန်းထွန်းနိုင် တစ်ယောက်လည်း ပါဝင်ပါတယ်။ ဦးထွန်းထွန်းနိုင်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ကွန်ရက် ဒုတိယဥက္ကဋ္ဌဖြစ်ပြီးတော့ အောက်ဆီဂျင်လိုအပ်မှု အခက်အခဲ ဖြစ်နေတဲ့ ပြည်သူလူထုကို လှူဒါန်းဖို့အတွက် သူ့ရဲ့ အိမ်နဲ့ခြံကို ရောင်းပြီးတော့ လှူဒါန်းပေးဖို့ ကြိုးပမ်းနေသူဖြစ်ပါတယ်။

ဒါကြောင့် ဟင်္သာတခရိုင်ကွန်ရက် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်ကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထား ပါတယ်။

မေး ။ ။ အရင်ဆုံး အစ်ကို့အနေနဲ့ အခုလိုမျိုး အိမ်နဲ့ခြံကို ရောင်းပြီး အောက်ဆီဂျင်အိုးတွေလှူဖို့ ဘယ်လို စဉ်းစားမိတာလဲ။

ဖြေ ။ ။ အစ်ကို့ရဲ့ ခံယူချက်တစ်ခုပေါ့။ လူတိုင်းက အသက်ရှင်နေသမျှ ကာလပတ်လုံး ပြန်ပြီးတော့ စလို့ရ တယ်။ အဲတော့ ဒီလူတွေကိုလည်းပဲ အဲဒီအခွင့်အရေးကို ပေးချင်တယ်။ အဲဒါကြောင့်မို့လို့ ကိုယ်လည်းလှူချင် တယ်။ ကိုယ့်မှာလည်း လှူစရာမရှိတဲ့ အခါကျတော့ ကိုယ့်ရဲ့အိမ်ကို ဒီလိုမျိုး အောက်ဆီဂျင်အိုးတွေနဲ့ လဲလှယ် ပြီးတော့ လုပ်ပေးနိုင်မယ့် သူရှိလို့ရှိရင် အစ်ကို့အိမ်ကို ဈေးနှုန်း သက်သက်သာသာနဲ့ ရောင်းချပြီးတော့ အဲလိုမျိုး ကူညီချင်တဲ့ စိတ်ကူးရသွားတာပါ။

မေး ။ ။ အစ်ကို့ရဲ့ အိမ်နဲ့ခြံကို အနိမ့်ဆုံး ဘယ်ဈေးလောက်နဲ့ ရောင်းမယ်ဆိုပြီး သတ်မှတ်ထားတာမျိုးရှိလဲ။

ဖြေ ။ ။ အဲလို့တော့ လောလောဆယ် သတ်မှတ်ထားတာမျိုး မရှိပါဘူး။ တကယ်လို့ အောက်ဆီဂျင် ရနိုင်မယ့် လမ်းစ တွေ့ရင်တော့ ကျနော့်ကို အောက်ဆီဂျင်အိုး ကူညီနိုင်မယ့်သူကလည်း မရရှိနိုင်ဘူး။ အိမ်ကိုတော့ လိုချင် တယ်။ ကျနော်လည်း အောက်ဆီဂျင် ဝယ်လို့ရပြီဆိုတာနဲ့ ဈေးနှုန်းတစ်ခုသတ်မှတ်ပြီးတော့ မဖြစ်ဖြစ်အောင် ထွက်အောင် ရောင်းပြီးတော့ ကူညီမှာပါ။

မေး ။ ။ အစ်ကို့အနေနဲ့ အောက်ဆီဂျင် ဘယ်နှအိုးလောက် လှူဒါန်းမယ်လို့ သတ်မှတ်ထားလဲရှင့်။

ပုံ -အောက်ဆီဂျင်လှူဖို့ ဦးထွန်းထွန်းနိုင်ရောင်းမယ့် အိမ်နဲ့ခြံ

 

ဖြေ ။ ။ လောလောဆယ်မှာတော့ အကြမ်းဖျင်း ၄၀ လီတာအိုး၊ အိုး ၅၀၀ လို့ သတ်မှတ်ထားပါတယ်။

မေး ။ ။ ကာလပေါက်ဈေးအားဖြင့် အစ်ကို့အိမ်က တန်ဖိုးဘယ်လောက်ရှိပါသလဲ။

ဖြေ ။ ။ မနှစ်တုန်းကတော့ အစ်ကို့အိမ်ကို လာပြီးတော့ စိတ်ဝင်စားတဲ့ သူတစ်ယောက်ကနေပြီးတော့ ဈေးနှုန်းစကား ပြောကြည့်တာပေါ့ လာကမ်းလှမ်းတာပေါ့။ ရောင်းဖို့ အစီစဉ်ရှိလားဆိုပြီး သူကတော့ သိန်း ၂၀၀၀(သိန်းနှစ်ထောင်) စွန်းစွန်းလောက် ပေးဖို့ ကမ်းလှမ်းပါတယ်။ ဒီချိန်မှာတော့ ကျနော်ကတော့ ကာလ ပေါက်ဈေးရယ် ဘာရယ်တော့ မဟုတ်ဘူးပေါ့။ ပိုက်ဆံငွေအဓိက မလိုချင်ဘူး။ အောက်ဆီဂျင်နဲ့ လုပ် ပေးနိုင် မယ့်သူတွေ တွေ့ရင်ပေါ့။ တကယ်လို့ တခြားသူတွေက ဝယ်ချင်တယ်ဆိုရင်လည်းပဲ အောက်ဆီဂျင်ရနိုင်မယ့် နေရာလေးတွေနဲ့ ကျနော့်ကို ကူညီပြီးတော့ ချိတ်ဆက်ပေးကြပါ။ ဘာလို့ဆို ဈေးနှုန်း သက်သက်သာသာနဲ့ ပေးမှာဖြစ်တဲ့ အတွက်ကြောင့်မို့ အဲဒီဝန်ဆောင်မှုလေး ကျနော့်ကို ပြန်ပြီးတော့ ကူညီပေးနိုင်ရင်တော့ ကောင်း တာပေါ့ဗျာ။

မေး ။ ။ အိမ်နဲ့ခြံကို ရောင်းပြီး အောက်ဆီဂျင်လှူမယ်ဆိုတော့ အစ်ကို့ မိသားစုဝင်တွေဘက်က သဘောတူ လား။

ဖြေ ။ ။ ကျနော့်အမျိုးသမီးနဲ့ ကျနော့်သားရှိပါတယ်။ သူတို့ကလည်း သဘောတူပါတယ်။ ကျနော့်လိုပါပဲ။ ကျနော်နဲ့တစ်သားတည်း ရှိပါတယ်။ လူအများတွေရဲ့အသက်ကို ကျနော်တို့ ကယ်ပါမယ်။ ကျနော်တို့ဘဝ အသက်ရှင်ခွင့် ရနေတယ်ဆိုရင် တစ်ကနေပြီးတော့ ပြန်စဖို့ သူတို့လည်းပဲ ကျနော့်လို ယုံကြည်မှုရှိကြပါတယ်။ ကိုယ့်ကိုယ်ကို။

မေး ။ ။ အခုလက်ရှိမှာရော အိမ်နဲ့ခြံကို ဝယ်ယူဖို့ ဆက်သွယ်လာတာမျိုးတွေ ရှိလား။

ဖြေ ။ ။ ဆက်သွယ်တာမျိုး ရှိပါတယ်။ ဟင်္သာတမြို့ပေါ်က ဆက်သွယ်တာမျိုးတော့ လောလောဆယ် မရှိသေး ပါဘူး။ ရန်ကုန်မြို့ကနေပြီးတော့ (၃)ဦးလောက်ရှိပါပြီ ကျနော့်ကို ဆက်သွယ်တာ။ သူတို့ကတော့ ကျနော် တင်ထားတဲ့ပို့စ်မှာ လိပ်စာမပါတော့ ရန်ကုန်မြို့လို့ထင်ပြီးတော့ စိတ်ဝင်စားပြီးတော့ သူတို့ ဆက်သွယ် ကြတာပါ။ ဒါပေမယ့် ကျနော်က ဟင်္သာတကဖြစ်နေတော့ သူတို့အနေနဲ့ စိတ်ဝင်စားမှု မရှိတဲ့ သဘောပေါ့။

မေး ။ ။ လက်ရှိမြေပြင်မှာ ဖြစ်နေတဲ့ အောက်ဆီဂျင် အခက်အခဲကို ဘယ်လို ဝိုင်းဖြေရှင်းသင့်တယ်လို့ အစ်ကို့ အနေနဲ့ ထင်လဲရှင့်။

ပုံ- အိမ်နဲ့ခြံရောင်းပြီး အောက်ဆီဂျင်လှူမည့် ဦးထွန်းထွန်းနိုင်

ဖြေ ။ ။ ကျနော်တို့မှာ အဓိကက အခုက အောက်ဆီဂျင်က ရဖို့ခက်ခဲတယ်ဆိုပေမယ့် အောက်ဆီဂျင်က အိုးသေးလေးတွေနဲ့ဆိုရင် ရနေနိုင်သေးတယ်။ အဓိက အခက်အခဲဖြစ်တာက အောက်ဆီဂျင် အိုးသေးတွေပေါ့။ 10 LT၊ 15 LT အိုးတွေ ရှူတဲ့ပိုက်တွေ အဲလိုမျိုးတွေ အဓိက လိုအပ်ချက် အခက်အခဲဖြစ်တာပေါ့နော်။ ဒါတွေက ဒီနိုင်ငံတွင်းကို အချိန်မီ မရောက်ရှိဘူး။ တင်သွင်းခွင့်မရဘူးလို့လည်း ကျနော်တို့ကြားနေ မြင်နေရတဲ့ အခါကျ တော့ အခု လောလောဆယ်မှာ နိုင်ငံကို စီမံခန့်ခွဲဖို့ တာဝန်ယူထားတဲ့ လူတွေမှာတော့ အဓိက တာဝန်ရှိတယ်လို့ ထင်တယ်။ အဲအပိုင်းကတော့ ကျနော်တို့ကို အဲဒါတွေကို ပြည်တွင်းထဲကို အမြန်ဆုံးရောက်ရှိအောင် နိုင်ငံသူ/ နိုင်ငံသားတွေ အသက်ရှင်ခွင့်ရအောင် သူတို့မှာ တာဝန်ရှိပါတယ်။ အဲလိုမရရှိခြင်းဟာ သူတို့ရဲ့ ပျက်ကွက်မှုပဲ ဖြစ်ပါတယ်။ အရပ်ဖက်အဖွဲ့စည်းတွေ ပြည်သူတွေကတော့ အားတက်သရော လှူကြပါတယ်။ လှူကြပေမယ့် လည်း အခုက ငွေရှိတိုင်း အောက်ဆီဂျင် မရနိုင်တဲ့အခါကျတော့ ကျနော်တို့မှာ အရမ်းအခက်အခဲ ဖြစ်ရပါတယ်။

အဲတော့ ပြည်သူတွေဘက်ကတော့ အချင်းချင်း ကူညီနေကြတယ်။ လှူဒါန်းတဲ့ သူတွေကလည်း တာဝန်ကျေကြ ပါတယ်။ ဆေးရုံတွေကလည်း သူတို့အစွမ်းအစရှိသလောက် အားလုံးလုပ်ဆောင်ပေးနေကြပါတယ်။ အဓိက အခက်အခဲကတော့ အဲဒီ Medical ပစ္စည်းတွေ နိုင်ငံတွင်းကို လွယ်လွယ်ကူကူ မရောက်ရှိတာကတော့ အဓိက ပြဿနာကြီးပေါ့။ ပြည်သူတွေ အများကြီးသေစေတဲ့ ပြဿနာရဲ့ အရင်းအမြစ်က အဲဒါပါပဲ။

 

#ဦးထွန်းထွန်းနိုင်

#ဟင်္သာတခရိုင်ကွန်ရက်

#အောက်ဆီဂျင်အိုး

#အောက်ဆီဂျင်

#အိမ်နဲ့ခြံရောင်းမည်

#လှူဒါန်းမည်

#လူ့အသက်ကယ်မည်

#ကိုဗစ်၁၉

#ကျန်းမာရေး

#နစက

#CNImyanmar

#cninews