CNI News

၂၀၂၁ခုနှစ်၊ ဇူလိုင် ၁၅

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ တတိယလှိုင်း ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တရုတ်နှင့် ရုရှာကနေ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူမှုအခြေအနေ ဘယ်လိုရှိလဲ၊ ကာကွယ်ဆေးရာက်ရှိပါက ဘယ်သူတွေကို ဦးစားပေး ထိုးပေးမလဲ၊ ကိုဗစ်ကုသရေးဆက်စပ်ပစ္စည်း ဝယ်ယူတင်သွင်းမှု အခြေအနေကရော ဘယ်လိုရှိလဲ စတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကို CNI သတင်းဌာနမှ ဆက်သွယ်မေးမြန်း ထားပါတယ်။

မေး ။ ။ တရုတ်က ဝယ်ယူထားတဲ့ ကိုဗစ် ကာကွယ်ဆေး အကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအခြေအနေရှိပါသ လဲ။

ဖြေ ။ ။ (၂) ခုလုံးကတော့ ရှင်းနေတာပဲလေ။ Sinopharm ရယ်၊ Sinovac ရယ် (၂)ခုစလုံးကတော့ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ရဲ့ အသိအမှတ် ပြုပြီးသားပဲခင်ဗျ။ အဲတာနဲ့ ပတ်သက်

တဲ့ အချက်အလက်တွေလည်း အင်တာနက်ပေါ်မှာ အလွယ်တကူ ရှာကြည့်လို့ရပါတယ်။ (၂)ခုလုံးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ အသိအမှတ်ပြုထားတဲ့ ဟာတွေပဲပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံက FDA ကလည်း အသိအမှတ်ပြုထားပေးပြီးဖြစ်တယ်။ ဒါကတော့ ဘာမှ သံသယရှိစရာ မလိုပါဘူး။ အားလုံး ပူးပေါင်းပြီး ထိုးနိုင်ဖို့က အဓိကပါပဲ။

မေး ။ ။ ပြည်သူတွေကို ထိုးနှံပေးဖို့နေရာမှာကရော ဘယ်လိုမျိုး ဦးစားပေးတွေကို အရင်ဆုံး ထိုးနှံပေးမှာလဲ၊ ဘယ်လို မျိုး ထိုးနှံပေးမယ်ဆိုပြီးတော့ရော ဆောင်ရွက်နေတာရှိပါသလဲ။

ဖြေ ။ ။ ဦးစားပေးကတော့ ကျနော်တို့ ပထမအစီစ ဉ်အတိုင်းပါပဲ။ နိုင်ငံ့ဝန်ထမ်းတွေ ဦးစားပေးပေါ့နော်။ နိုင်ငံ့ ဝန်ထမ်း တွေ ဦးစားပေးပြီးရင် ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍမှာပါတဲ့သူတွေ၊ နောက်ပြီးတဲ့အခါကျရင် ပုဂ္ဂလိက ဝန်ဆောင်မှုပေါ့ ဒါတွေပါမယ်။ နောက်ပြီးတော့ အသက်အရွယ် ကြီးရင့်သူတွေပါမယ်ပေါ့။ အတိအကျကတော့ ကျနော် တို့က တွက်နေတုန်းပေါ့။ ပြည်နယ်၊ တိုင်းဒေသတွေကနေ target အုပ်စုတွေအလိုက် ဘယ်လောက်ထိုးနိုင်မယ်၊ ဘယ် အုပ်စုတွေ ထိုးမယ်ဆိုတဲ့ဟာ အတိအကျကတော့ ပြောလို့မရသေးဘူးပေါ့။ ဘယ်အုပ်စုကို ဘယ်လောက်ထိုး မယ်ဆိုတာ။

မေး ။ ။ အဲဒါဆို ဘယ်တော့လောက် စပြီးတော့ ထိုးနှံသွားမှာလဲ။

ဖြေ ။ ။ ရောက်ပြီးတော့ သိပ်မကြာဘူးပေါ့နော်၊ ရောက်ပြီးတော့ တစ်ပတ်လောက်အတွင်းပေါ့နော်။ ရောက်ပြီး တာနဲ့တင်ပဲ အမြန်ဆုံး ထိုးနှံသွားမှာဖြစ်ပါတယ်။ မနေ့ကပဲ ကျနော်တို့ အဲ့ကိစ္စကို အစည်းအဝေးလုပ်နေပါပြီ။ ရောက် ပြီးတာနဲ့ ထုံးစံအတိုင်း ပြည်နယ်၊ တိုင်းတွေကို ခွဲပို့မယ်။ ခွဲပို့ပြီးတာနဲ့ စပြီး ready ဖြစ်တဲ့နေရာကနေ စထိုးမှာပေါ့နော်။ ကျနော်တို့ကတော့ အမြန်ဆုံးထိုးနှံဖို့ စီစဉ်နေပါတယ်။

မေး ။ ။ ရုရှားကနေ ဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေကရော ဘယ်တော့လောက် ရောက်မှာလဲရှင့်။

ဖြေ ။ ။ အဲဒါကတော့ ကျနော်တို့ ရောက်တဲ့အခါ ထုတ်ပြန်ပေးပါမယ်။ အခုကတော့ လောလောဆယ် ရောက်မယ့် အစီအစဉ်ထဲမှာလည်း ပါပါတယ်။ ဒါပေမယ့် သေချာတဲ့အခါကျရင် ရောက်ပြီဆိုတဲ့အခါကျရင် ထုတ်ပြန်ပေးပါမယ်။

မေး ။ ။ လက်ရှိမှာ mask တွေ ဈေးတက်နေတယ်။ မြေပြင်မှာ အောက်ဆီဂျင် ပြဿနာကလည်း ဖြစ်နေတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်ပေးဖို့ ရှိပါသလဲရှင့်။

ဖြေ။ ။ကျနော်တို့ကတော့ ကျနော်တို့ တတ်နိုင်တဲ့ ဘက်ကနေတော့ အကုန်လုံးအစွမ်းကုန် လုပ်ဆောင်ပေး နေပါ တယ်။ မနေ့ကဆိုလည်း ပါပါတယ် သတင်းထဲမှာ။ ကျနော်တို့ အောက်ဆီဂျင်ဆိုရင်လည်း လမ်းကြောင်းပေါင်းစုံကနေ လုပ် နေတာ ဒါမကြာခင်ပဲ ထိုင်းနယ်စပ်ကနေ ကားအစီး ၄၀ သွင်းဖို့ရှိတယ်။ ဝင်တဲ့ဟာလည်း ဝင်နေပြီပေါ့။ နောက် တရုတ် ပြည်နယ် ဘက်ကဆိုလည်း အောက်ဆီဂျင်တွေ ကား (၆)စီးနဲ့ပေါ့နော်၊ နေ့စဉ် သယ်ပြီး ပို့နေတာတွေရှိတယ် Liquid oxygen ပေါ့နော်။ တတ်နိုင်သမျှတော့ မန္တလေး၊ မန္တလေးပြီးရင် နေပြည်တော်ကနေ ရန်ကုန်အထိပါ၊ တရုတ်ပြည်ဘက် လမ်းကြောင်းကနေ ဖွင့်ထားတယ်။ နောက်ပြီးတော့ oxygen cylinder တွေ၊ဒါတွေ ဝယ်သွင်းတာတွေ၊ oxygen concentrator စက်တွေကို လေယာဉ်နဲ့ပါ တင်သွင်းတဲ့အထိ အများကြီးပါပဲ။ ဒီတစ်ပတ်ကနေ စပြီးတော့ အောက်ဆီဂျင်ကိစ္စကို တတ်နိုင်သမျှပေါ့နော် ဆေးရုံကြီးတွေမှာ နံပါတ်တစ် လုံလောက်မှု ဦးစားပေးပြီးတော့ ဆောင်ရွက်နေတယ်။ နောက်တစ်ဖက်ကလည်း တကယ် လိုတဲ့လူတွေ တကယ်ရှူရမယ့်ကိစ္စပေါ့နော်၊ ဒါလည်း တစ်ဖက်က ပညာပေးတဲ့အပိုင်း ဆောင်ရွက်မယ်။
ခုနကလို panic buying ပေါ့၊ မလိုအပ်ပဲ ဝယ်ထားတာမျိုးမဖြစ်ရအောင် တကယ်လိုတဲ့ဆီ တကယ်ရောက်အောင်ပေါ့နော် ဒါမျိုးတွေလည်း ကျနော်တို့ ပညာပေးမယ့် အပိုင်းတွေရှိတယ်။ Mask ဆိုရင်လည်း ဝန်ကြီးဌာနကနေပြီးတော့ ပြီးခဲ့တဲ့လ ကပေါ့နော်၊ ဇွန်လအတွင်းမှာပဲ mask ၁၂ သန်းပေါ့နော်၊ တိုင်းနဲ့ပြည်နယ်အနှံ့ အခမဲ့ဖြန့်ဝေတဲ့ mask ကမ်ပိန်းတွေလည်း ဆောင်ရွက်နေတယ်။ ဒါတွေကတော့ ဝန်ကြီးဌာနအနေနဲ့ကတော့ တတ်နိုင်သမျှပေါ့နော်၊ ရှိတဲ့ လူစွမ်းအားအရင်းအမြစ်နဲ့ ကျနော်တို့အကောင်းဆုံး ကြိုးပမ်းပြီး ဆောင်ရွက်နေပါတယ်။

မေး ။ ။ ဆရာ့အနေနဲ့ တခြား ဘာများဖြည့်စွက် ပြောချင်တာရှိပါသေးသလဲရှင့်။

ဖြေ ။ ။ ကျနော်အနေနဲ့ကတော့ ကာကွယ်ဆေးတွေ ရောက်လာပြီဆိုတော့ ကျနော်တို့ သိပ်ကြာကြာ မတောင့်ခံရတော့ ဘူးပေါ့နော်။ ဒီကာကွယ်ဆေး (၆)သန်းဆိုတဲ့ ပမာဏကလည်း တော်တော်ကြီးကို ကျနော်တို့နိုင်ငံရဲ့လူဦးရေနဲ့ဆို ပထမ ရထားတဲ့ ပမာဏရယ်နဲ့ ပေါင်းလိုက်တဲ့အခါကျရင် ၁၀ သန်းနီးပါးဖြစ်မယ်။ ဒီနှစ်မကုန်ခင်လည်း နောက်ထပ် ထပ်ဝင်လာ မယ်ဆိုတော့ ဒါကျနော်တို့က ဘာပဲပြောပြောပေါ့နော် ကျနော်တို့ ဒီကြားထဲမှာ အခု Stay at home ပေါ့နော် ကြေညာ ထားတဲ့ ရုံးပိတ်ရက်တွေရှိတယ်။ ဒါတွေကို တောင့်ခံဖို့ လိုတာပေါ့နော်။ တောင့်ခံပေးကြပါ ကာကွယ်ကြပါ။ တတ်နိုင်သမျှ အိမ်မှာပဲနေပါ။
ဒီကာကွယ်ဆေးတွေ ရောက်လာတဲ့အခါမှာလည်း ထိုးနှံခြင်းကို အပြည့်အဝ ပူးပေါင်းကြပါ။ အဲလိုဆိုရင် ကျနော်တို့က ခဏပဲ တောင့်ခံရမှာပေါ့နော်။ နောက်ပိုင်း လက်ရှိအခု တရုတ်ပြည် လိုအနေအထားမျိုးပေါ့။ ကာကွယ်ဆေး Coverage တွေ တအားကောင်းပြီးတော့ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်တယ်။ Covid ကို ကျနော်တို့က ရှိတော့ရှိတယ် သတိတော့ ပြုရမယ် သိပ်ပြီးတော့ စိုးရိမ်ကြောက်လှန့် စရာမလိုတော့တဲ့ အနေအထားပေါ့ ကာကွယ်ဆေးအားလုံးရရင်တော့။
ဒီအနေအထားကို ကျနော်တို့က မကြာခင်မှာ ခြေလှမ်းပြန်လှမ်းနိုင်မှာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ပူးပေါင်းကူညီပေးကြပါ။ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေ၊ ကာကွယ်ရေး လုပ်ငန်းတွေ၊ ကုသရေး လုပ်ငန်းတွေမှာလည်း စေတနာ့ ဝန်ထမ်းပဲ ဖြစ်ဖြစ်ပေါ့နော်၊ ကန်ထရိုက်နဲ့ပဲ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့၊ တစ်တက်တအား ပူးပေါင်းပါဝင်ပေးကြပါ။

ကျနော်တို့ အားလုံး အတူတကွ ပူးပေါင်းပြီးမှသာ ဒါကြီးကို ရင်ဆိုင်တိုက်ထုတ်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်မလို့ အားလုံး ကနေ ပြီးတော့ ပူးပေါင်းပေးကြပါ။ ခေတ္တခဏ သည်းခံပြီး တောင့်ခံပေးကြပါ။ မကြာခင် အောက်ဆီဂျင်တွေရော၊ mask တွေရော၊ ကာကွယ်ဆေးတွေရော ဒါတွေဟာ အပြည့်အဝ အလုံအလောက် ရရှိလာမှာဖြစ်တယ်။ ရတာနဲ့အမျှလည်း ကာကွယ်နိုင်တဲ့ ခုခံနိုင်တဲ့စွမ်းအားတွေလည်း တက်လာမယ်။ မကြာခင်မှာ ကိုဗစ်ကို ကျနော်တို့က အောင်မြင်နိုင်စရာ အကြောင်းအရင်း ရှိလာပြီပေါ့နော်။ အဓိကကတော့ ကြားထဲမှာ ကျနော်တို့ တောင့်ခံပြီးတော့ ရင်ဆိုင်ကျော်လွှားဖို့ လိုပါ တယ်။

#ဒေါက်တာသန်းနိုင်စိုး
#ကိုဗစ်ကာကွယ်ဆေး
#တရုတ်
#ရုရှား
#ကာကွယ်ဆေးထိုးနှံခြင်း
#ပူးပေါင်းပါဝင်
#အောက်ဆီဂျင်
#ဆေးရုံကြီး
#ပြည်သူလူထု
#cni
#cnimyanmar