CNI News

၂၀၂၁ ခုနှစ်၊ သြဂုတ် ၇

လာမည့် သြဂုတ် ၈ ရက်နေ့တွင် ၈၈၈၈ အရေးတော်ပုံကြီး ၃၃ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော် ၈၈ က တောင်း ဆိုခဲ့သော ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးသည် ယနေ့ ၂၀၂၁ ခုနှစ်၊ သြဂုတ် ၈ ရက်နေ့ထိ ပြည့်ဝခြင်းမရှိသေးပဲ သမိုင်း တစ်ပတ် ပြန်လည်ကာ စစ်တပ်က အာဏာရယူ၍ ဦးဆောင်နေပြန်သည်။
မြန်မာနိုင်ငံသည် လူထုဦးဆောင်မှုကို ရောက်လိုက်၊ စစ်တပ် ဦးဆောင်မှုကို ရောက်လိုက်ဖြင့် ဘတပြန် ကျားတပြန် ဖြစ်နေကြရာ နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ၊ တော်လှန်ရေး အင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများက မည်သို့သော် နိုင်ငံအဖြစ် ဖန်တီးတည်ဆောက်မလဲဆိုသော နိုင်ငံရေးသဘောတူညီချက်ကို ရအောင် မယူပေးနိုင်ဘဲ ဖြစ်နေသည်။

ယခုလည်း ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်သည် ဦးဆောင်မှုအခန်းကဏ္ဍကို သိမ်းပိုက်လိုက်ပြီး ဒီနောက်မှာတော့ လူထုက ဦးဆောင်မှု အခန်းကဏ္ဍကို ရယူပြန်သည်။ သို့သော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)က ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းလိုက်ပြီး ရွေးကောက်ပွဲအသစ် ကျင်းပရန် ပြင်ဆင်နေခြင်းကြောင့် ၈၈ မှသည် ၂၀၂၁ အလွန်မှာ မည်သို့ မည်ပုံဖြစ်လာမလဲ စိုးတထိတ်ထိတ် စောင့်ကြည့်နေရသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ၈၈ အရေးအခင်းတွင် ကျောင်းသား ခေါင်း ဆောင် တစ်ဦးအဖြစ် ဒီမိုကရေစီတိုက်ပွဲ၌ ပါဝင်ခဲ့သလို လက်ရှိမှာလည်း ပြည်သူ့ပါတီ (PP)ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဦးကိုကိုကြီးကို CNI သတင်းဌာနမှ အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။

#ဦးကိုကိုကြီး
#Exclusiveinterview
#CNImyanmar
#cninews
#8888
#အရေးတော်ပုံ
#သမိုင်း
#နိုင်ငံရေး
#စစ်တပ်
#လူထု
#ရွေးကောက်ပွဲ
#အနာဂတ်