CNI News

၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၈

မြန်မာနိုင်ငံသည် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်များဖြင့် နှိုင်းယှဉ်ကြည့်လျှင် အဆင့် ၁၀၀ ကျော်မှာသာ ရပ် တည်နေသည်။ ထို့ကြောင့် မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့် မြင့်မားလာရေး ကြိုးပမ်းရန်လိုအပ်နေဆဲ ဖြစ် သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူလိုက်သည့်အခါမှာတော့ မြန်မာ့သတင်း မီဒီယာ လောကသည် ပိုမို နိမ့်ကျသွားသည့် အခြေအနေသို့ ရောက်ရှိလာသည်။ထိုသို့ သတင်းမီဒီယာ လွတ်လပ်ခွင့် နည်းပါးလာခြင်းနှင့် တပြိုင်တည်းမှာပဲ တပ်မတော် အာဏာရယူသည့် နောက်ပိုင်း သတင်း မီဒီယာသမားများ၏ ရပ်တည်ချက်များသည် အစွန်းနှစ်ဖက်ကို လွတ်အောင် ရေးသားရန်လည်း အခက်အခဲများ ဖြစ်လာပြီး တစ်ဖက်ကနေ ဘက်လိုက်ပြီး ရေးမိပါက တော်လှန်ရေးအင်အားစုများဘက်က ဒလန်ဟု စွပ်စွဲကာ ထိုးနှက်တိုက်ခိုက်လာကြသလို စစ်တပ်ဘက်ကလည်း သွေးထိုးလှုံဆော်သူဟု စွပ်စွဲကာ ဖမ်းဆီးထောင်ချရေး လုပ်လာသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင်ဟောင်း ဦးမြင့်ကျော်ကို CNI သတင်းဌာနမှ အယ်ဒီတာ တေဇာအောင်က ဆက်သွယ် မေးမြန်းထားပါသည်။

#ဦးမြင့်ကျော် #သတင်းမီဒီယာ #သတင်းသမား #သတင်းဌာန #တပ်မတော် #ပြည်သူ #ကျင့်ဝတ် #ExclusiveInterview #CNImyanmar #cninews
#ChannelNewsIndependent