CNI International News

စင်ကာပူ၊စက်တင်ဘာ ၆

ပထမဆုံးလူသားချင်းစာနာမှုအကူအညီများ ယခုစက်တင်ဘာလလယ်ပိုင်း အစောဆုံးထား၍ ချောမွေ့စွာ ပေးနိုင်ရေးအတွက် ၄ လကြာ အပစ်အခတ်ရပ်စဲထားဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်က ၎င်း၏အင်တာဗျူးတစ်ခုမှာ တောင်းဆိုထားကြောင်း ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

အာဝမ်ယူဆွတ်သည် မြန်မာစစ်တပ်မှ ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က ဦးဝဏ္ဏမောင်လွင်၏ ဖိတ်ကြားချက်အရ နေပြည်တော်တွင် လာရောက်တွေ့ဆုံစဉ် ‘ယခုနှစ်ကုန်ပိုင်းအထိ ၄ လတာ အပစ်အခတ်ရပ်စဲရန်’ ယင်းသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

Source: Bangkok Post, english.kyodonews.net

#အာဆီယံအထူးသံတမန်
#အပစ်ခတ်ရပ်ဆဲ
#မြန်မာနိုင်ငံ
#ကိုရိုနာဗိုင်းရပ်စ်
#စစ်တပ်
#နိုင်ငံရေး
#ဒေါ်အောင်ဆန်းစုကြည်
#cninews
#CNIMyanmar
#ChannelNewsIndependent

Website တွင် ဖတ်ရှုရန် -- https://cnimyanmar.com/index.php/political/politics-local/982-2021-09-06-07-59-03