CNI International News
ဒိုဟာ စက်တင်ဘာ ၅
ကာတာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်သည် တာလီဘန်ခေါင်းဆောင်တစ်ဦးကို လက်ခံတွေ့ဆုံခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ယခုတွေ့ဆုံမှုသည် တာလီဘန်တို့ အာဖဂန်နစ္စတန်တစ်နိုင်ငံလုံးကို သိမ်းပိုက်လိုက်ပြီးနောက် အိန္ဒိယနိုင်ငံအနေဖြင့် ပထမဆုံးတရားဝင် သံတမန်ရေးရာဆက်ဆံမှုဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက သတင်းရေးသားဖော်ပြသည်။
အိန္ဒိယသံအမတ် ဒီပက်မစ်တယ်သည် တာလီဘန်နိုင်ငံရေးရုံးခေါင်းဆောင် ရှားမိုဟာမက်အေဘတ်စတန်နက်ဇိုင်းကို ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ဩဂုတ် ၃၁ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း၊ ယင်းသို့ လက်ခံတွေ့ဆုံမှုမှာ တာလီဘန်တို့၏ ကမ်းလှမ်းတောင်းဆိုချက်အရဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာန၏ထုတ်ပြန်ချက်ထဲတွင် ဆက်လက်ရေးသားထားသည်။
#Taliban
#Qatar
#India
#Doha
#DeepakMittal
#SherMohammadAbbasStanekzai
#CNINews
#CNIMyanmar
#ChannelNewsIndependent
Website တွင် ဖတ်ရှုရန် -- https://cnimyanmar.com/.../politi.../970-2021-09-05-07-28-59