CNI News

၂၀၂၁ခုနှစ်၊ သြဂုတ် ၃၁ရက်

ခမရ (၃၇၃) တပ်ရင်း စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းခွင့်မပြုဘဲ တားဆီးထားသော စားနပ်ရိက္ခာထောက်ပံ့ရန်သွားသည့် မေတ္တာရှင်ပရဟိတအဖွဲ့သည် မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက်မရသဖြင့် ရိက္ခာထောက်ပံ့ခြင်းကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ရကြောင်း သိရသည်။

ထိုသို့ ခွင့်ပြုချက်မရသည့်အတွက် ချင်းတိုင်းရင်းသားများ အများစုနေထိုင်သည့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ဒါးလက်ချောင်းအုပ်စုမှ အိမ်ထောင်စု ၂၀၀ ကျော်အား ထောက်ပံ့ရန် ယူဆောင်လာသည့် ဆန်၊ ဆား၊ ငါးပိ၊ ဟင်းချိုမှုန့်တို့အား အမ်းမြို့နယ်တွင် ရောင်းချခဲ့ပြီး မေတ္တာရှင်ပရဟိတအသင်းမှာ ထိုနေရာမှ လှည့်ပြန်ခဲ့ကြကြောင်း မေတ္တာရှင်ပရဟိအဖွဲ့၏ ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။