CNI International News
ကဘူးလ်၊ဩဂုတ် ၃၀
အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်လေဆိပ်တွင် ဩဂုတ် ၃၀ ရက် ယနေ့နံနက်အစောပိုင်းက အမေရိကန်ဒုံးကျည် ကာကွယ်ရေးစနစ်ဖြင့် ဒုံးကျည် ၅ စင်းအထိ ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း အမေရိကန် စစ်ဘက်အရာရှိ တစ်ဦး၏ပြောကြားချက်ကို ကိုးကားလျက် ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
လတ်တလောအနေအထားတွင် အမေရိကန်သည် အာဖဂန်နစ္စတန်မှ ၎င်း၏တပ်များ ဆုတ်ခွာမှုအပြီးသတ်ရန်နှင့် နှစ်အကြာဆုံးစစ်ပွဲတစ်ပွဲ အဆုံးသတ်နိုင်ဖို့ အဆောတလျင်လုပ်ဆောင်နေသည်။
အစ္စလာမ္မစ်နိုင်ငံတော်(IS) အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဩဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့ပြီး ကဘူးလ်လေဆိပ် အပြင်ဘက်တွင် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးနှင့် အာဖဂန်အရပ် သားအများအပြား သေဆုံးခဲ့ပြီးနောက် အမေရိကန်စေလွှတ်တာဝန်ပေးထားသော စစ်မစ်ရှင်မှာ ပိုမိုအန္တရာယ်များလာခဲ့သည်။
Source: Reuters
#အမေရိကန်
#အာဖဂန်
#ကဘူးလ်
#ဒုံးကျည်
#တာလီဘန်
#ဘိုင်ဒန်
#ထိခိုက်သေဆုံးမှု
#cninews
#CNIMyanmar
#ChannelNewsIndependent