ကဘူးလ်၊ဩဂုတ် ၂၈
တာလီဘန်များ အာဏာရလာပြီး လတ်တလောကာလအတွင်း အာဖဂန်နစ္စတန်အမျိုးသမီးများသည် ယေဘုယျအားဖြင့် ကျဉ်းမြောင်းစွာသတ်မှတ်ထားသည့်အခြေအနေကလွဲပြီး အိမ်ထဲကနေ အိမ်ပြင် ထွက်ခွင့်မပေးကြောင်း todayonline.com က ရေးသားဖော်ပြသည်။ တာလီဘန်များ၏သတ်မှတ်ချက်ကို မလိုက်နာမိပါက ရိုက်နှက်နှိပ်စက်ခြင်း (သို့မဟုတ်) သတ်ဖြတ်ကွပ်မျက်ခံရမည့်အန္တရာယ်များနှင့် အာဖဂန်အမျိုးသမီးများ စတင်ရင်ဆိုင်နေရပြီဖြစ်သည်။
အာဖဂန်နစ္စတန်တစ်နိုင်ငံလုံးကို တာလီဘန်တို့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ၉ ရက်အကြာ တာလီဘန် စစ်သွေးကြွအုပ်စု၏ထိပ်ပိုင်းခေါင်းဆောင်များက ယခုအချိန်မှာ ကွဲပြားခြားနားမှု ရှိနေဦးမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ၎င်းတို့မှ အမျိုးသမီးများကို အလုပ်လုပ်ခွင့်ပြုခြင်း၊ မိန်းကလေးများကို ကျောင်းတက်ခွင့်ပြုခြင်းတို့ရှိနိုင်သော်လည်း အနည်းဆုံး ၎င်းတို့အစ္စလာမ်ဘာသာအဓိပ္ပါယ်ဖွင့်ဆိုချက်များအတိုင်း အခန်းကျဉ်းလေးများထဲ နေထိုင်ရမည်ဖြစ်သည်။