CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၇
မလေးရှားနိုင်ငံ ပြင်ပကုန်သွယ်မှု ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း (MATRADE)က ဦးစီးကျင်းပမည့် ကမ္ဘာ့အကြီးဆုံး ဟာလာ (Halal) ဈေးရောင်းပွဲတော် (MIHAS)တွင် ပါဝင်ရန်အတွက် မြန်မာစီးပွားရေးလုပ်ငန်းခေါင်းဆောင်များနှင့် မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်တွင် အရည်အသွေးမြင့်မားသည့် ဟာလာ (Halal) ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နယ်စပ်ဖြတ်ကျော်၍ ဝယ်ယူ ရောင်းချနိုင်ရန် ရည်ရွယ်ထားပြီး ပွဲတော်ကို စက်တင်ဘာလ ၉ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ဒစ်ဂျစ်တယ် နည်းလမ်းများဖြင့် ရောင်းဝယ် ဖောက်ကားမှုကို လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။