CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၅
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ရင်ဆိုင်နေရသည်၊ထိုသို့ ကိုဗစ် တတိယလှိုင်း ရင်ဆိုင်နေရ သည့် အခါမှာ အောက်ဆီဂျင် လိုအပ်ချက် မြင့်မားခဲ့သလို လူနာများ ကိုဗစ်စင်တာသို့ တက်ရောက် ကုသခွင့်များ မှာလည်း မလွယ်ကူသည့် အခြေအနေများကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်စင်တာများ ဖွင့်လှစ်ကာ လူနာများ အဆင်ပြေစွာ ကုသနိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသလို အောက်ဆီဂျင်လိုအပ်ချက်များ ဖြည့်စီးနိုင်ရေးအတွက်လည်း ကိုဗစ်စင်တာများတွင် ပြင်ဆင်ဆောင်ရွက်ထားကြောင်း ပြောသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ရန်ကင်းကိုဗစ်ကုသရေးစင်တာ အနေဖြင့် မည်သို့ ပြင်ဆင် ဆောင်ရွက်ထားသလဲဆိုသည်ကို CNI သတင်းဌာနက ရိုက်ကူးတင်ဆက်ပေးထားပါသည်။
#ကျန်းမာရေး
#ကိုဗစ်၁၉
#အောက်ဆီဂျင်
#ကိုဗစ်စင်တာ
#ရန်ကင်းမြို့နယ်
#ရန်ကင်းကိုဗစ်စင်တာ
#CNImyanmar
#cninews
#ChannelNewsIndependent