CNI News
ကဘူးလ်၊ သြဂုတ် ၂၂
ကဘူးလ်မြို့လေဆိပ်ရဲ့ခြံစည်းရိုး သွပ်ဆူးကြိုးတွေကြားက နို့စို့လသားအရွယ် ကလေးငယ်တစ်ဦးကို အမေရိကန် တပ်သား တစ်ဦးက လှမ်းချီဆွဲတင်နေတဲ့ ရင်နင့်ကြေကွဲစရာ ဗီဒီယိုတစ်ခု ဩဂုတ်လ ၂၀ ရက်က ထွက်ပေါ်လာခဲ့ပါတယ်။ တာလီဘန် တွေ လတ်တလော ထိန်းချုပ်လိုက်တာကြောင့် ထိတ်လန့်တုန်လှုပ်နေတဲ့ အာဖဂန်ပြည်သူတွေရဲ့ ပုံရိပ်တွေဟာ အဲဒီဗီဒီယိုဖိုင် ထဲမှာ အပီအပြင် ထင်ဟပ်နေပါတယ်။
ဗီဒီယိုဖိုင်ထဲ လသားအရွယ် နို့စို့ကလေးငယ်လေးဟာ သေးခံစက္ကူဘောင်းဘီ(ဒိုင်ဘာ) ကျွတ်လုလု အနေအထားဖြစ်နေပါ တယ်။ ကဘူးလ်လေဆိပ်ထဲ အတင်းဝင်ဖို့ ကြိုးစားနေတဲ့ အာဖဂန်ပြည်သူတစ်ဦးက အဲဒီကလေးငယ်ကို သွပ်ဆူးကြိုးတွေ ပေါ်ကနေ ကျော်ပြီး အမေရိကန် မရိန်းတပ်သားလက်ထဲ ရောက်အောင် အောက်ကနေ မြှောက်ပင့်ချီတင်ပေးနေတာ တွေ့ရ ပါတယ်။
Source: AFP
#အမေရိကန် #မရိန်းတပ် #ကလေးငယ် #အာဖဂန် #တာလီဘန် #ဆောင်းပါး #CNImyanmar #cninews #ChannelNewsIndependent
Website တွင် ဖတ်ရှုရန်--- https://cnimyanmar.com/index.php/article/opinoin/715-2021-08-22-04-13-43
CNI TV YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw