CNI News

၂၀၂၁ ခုနှစ်၊ဩဂုတ် ၂၀

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယခုသီတင်းပတ်အတွင်း ၎င်းနိုင်ငံ၏ဥစ္စာဓန ကြွယ်ဝလာမှုကို ပြန်လည် ဖြန့်ဝေပေးရန် ခိုင်မာသည့်ကတိစကားတစ်ခွန်းအနေဖြင့် သုံးနှုန်းပြောကြားခဲ့ပြီး အချမ်းသာဆုံးနိုင်ငံသားများနှင့် စီးပွားရေးလုပ်ငန်းများကို အလေးပေးလာခဲ့ကြောင်း စီအင်န်အင်န်သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အာဏာရ ကွန်မြူနစ်ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် တရုတ်သမ္မတတို့ ဩဂုတ် ၁၇ ရက်၌ တွေ့ဆုံရာတွင် မိမိအစိုးရအနေဖြင့် လူမှုတရားမျှတမှု အကျိုးစီးပွားအတွက် ဥစ္စာဓနများကို ပြန်လည်ဖြန့်ဝေပေးရမည် ဖြစ်ကြောင်း၊ အလွန်မြင့်မားလာသော ဝင်ငွေများကို ကျိုးကြောင်းဆီလျော်စွာ ထိန်းညှိရန် လိုအပ်ကြောင်း၊ ဝင်ငွေမြင့်လူတန်းစားများနှင့်လုပ်ငန်းများသည် လူ့ အဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။


Source: CNN

#တရုတ်

#ရှီကျင့်ဖျင်

#တရုတ်ကွန်မြူနစ်ပါတီ

#ဝင်ငွေ

#တိန့်ရှောင်ဖိန်

#မော်စီတုံး

#အာဏာ

#ဥစ္စာဓန

#cninews

#CNIMyanmar

#ChannelNewsIndependent


Website တွင် ဖတ်ရှုရန် --- https://cnimyanmar.com/index.php/political/politics-local/680-2021-08-20-08-22-31

CNI TV YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw