CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၈
ကိုဗစ်-၁၉ ရောဂါပိုးကို ကာကွယ်ရန်အတွက် နေအိမ်ပြင်ပသို့ သွားရောက်မည်ဆိုပါက ပါးစပ် နှင့် နှာခေါင်းကို ဖုံးအုပ်ရန်အတွက် Mask ကို စနစ်တကျ တပ်ဆင်ထားရာတွင် တစ်ချို့မှာ Mask ကို မေးစေ့မှာ ချိတ်ထားခြင်းက ရောဂါပိုးဝင်ရောက်မည့် ပါးစပ်နှင့် နှာခေါင်းနေရာတို့ကို အကာအကွယ် မပေးနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန အသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး က ပြောသည်။
“နေပြည်တော်မှာလည်း တွေ့နေရပါတယ်။ Mask တော့တပ်ထားတယ်။ မေးကို ချိတ်ထားတယ်။ Mask မေးစေ့မှာ ချိတ် ထားရင် ပါးစပ် နဲ့ နှာခေါင်းကို ရောဂါပိုးဝင်ရောက်မယ့် နေ ရာတွေကို အကာအကွယ် မပေးနိုင်တော့ဘူး။ မေးအောက်မှာ ဗိုင်းရပ်စ်က မတော်တဆ ကပ်နေခဲ့ရင် မေးကို ချိတ်တဲ့အခါ Maskရဲ့ အတွင်းမျက်နှာပြင်က မေးအောက်ကို သွားပြီး ကပ်မိမယ်။ Mask တပ်ဖို့ သတိရလို့ ပြန်တပ်တဲ့အခါ အတွင်းမျက်နှာပြင်က ဗိုင်းရပ်စ်ကို ရှူသွင်းမိလိုက်တဲ့ အဖြစ်မျိုး ဖြစ်နိုင်တယ်”ဟု ၎င်းက ပြောသည်။
#Mask
#အသက်အရွယ်ကြီးရင့်သူ
#ဆီးချို
#နှလုံး
#သွေးတိုး
#ကိုဗစ်-၁၉ ရောဂါပိုး
#ပါးစပ်
#နှာခေါင်
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင် ဖတ်ရှုရန် --- https://cnimyanmar.com/index.php/local-news/local-health/653-mask
CNI TV YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw