CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၇
ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်တွင် မြန်မာ့ရွှေဈေး တစ်ကျပ်သားကို ကျပ် ၁,၅၈၀,၀၀၀( ၁၅ သိန်း ၈ သောင်း)ကျော် ရှိခဲ့ရာမှ ယခု ဩဂုတ်လ ၁၇ ရက်၌ မြန်မာ့ရွှေဈေး ကျပ် ၁၇ သိန်းဝန်းကျင်အထိ ရောက်လာပြီဖြစ်ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
အဆိုပါ မြန်မာ့ရွှေဈေးများ ရက်ပိုင်းအတွင်း ကျပ် ၁ သိန်းကျော်အထိ ဈေးနှုန်း မြင့်တက်ခဲ့ခြင်းမှာ ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်း၊ ပြည်တွင်းဒေါ်လာဈေး လဲလှယ်နှုန်းများ မြင့်တက်ခြင်း၊ ဆေးပစ္စည်းများ တင်သွင်းရာတွင် ဒေါ်လာဝယ်ယူမှုများခြင်း၊ နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) ဘဏ်ကလည်း နိုင်ငံခြားဝင်ငွေအားလုံးကို ပိတ်ထားသဖြင့် ဈေးကွက်အတွင်း ဒေါ်လာရှားပါးပြီး ဈေးတက်ခြင်းတို့ကြောင့်လည်း မြန်မာ့ရွှေဈေး လိုက်ပါမြင့်တက်လာခြင်း ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များ ထံက သိရသည်။
#ဦးမျိုးမြင့်
#ရွှေဈေးကွက်
#မြှင့်တက်
#ရွှေလုပ်ငန်းရှင်များအသင်း
#ကိုဗစ်
#နိုင်ငံရေးမတည်ငြိမ်မှု
#ကျပ် ၁၇ သိန်း
#ပေါက်ဈေး
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင် ဖတ်ရှုရန် --- https://cnimyanmar.com/index.php/local-news/local-business/631-2021-08-17-07-21-56
CNI TV YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw