CNI News
၂၀၂၁ ခုနှစ်၊ဩဂုတ် ၁၆
အနောက်အိန္ဒိယကျွန်းစုနိုင်ငံဖြစ်သော ဟေတီနိုင်ငံတွင် ဩဂုတ် ၁၄ ရက်က အင်အား ၇ ဒသမ ၂ ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၂၉၇ ဦးသေဆုံးပြီး ၅၇၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုင်းပြည်သို့ အရေးပေါ်အခြေအနေ ကြေ ညာထားရကြောင်း ဟေတီအစိုးရ၏သတင်းထုတ်ပြန်ချက်ကို စီအင်န်အင်န်က ရေးသားဖော်ပြသည်။
သေဆုံးသူအများအနက် တောင်ပိုင်းအုပ်ချုပ်ရေးဒေသမှ ၁၀၅၄ ဦး၊ ဂရင်းအန်စီဒေသမှ ၁၁၉ ဦး၊ နီပက်ဒေသမှ ၁၂၂ ဦးနှင့် အနောက်မြောက်ဒေသမှ ၂ ဦးတို့ဖြစ်ကြကြောင်း အရပ်ဘက်ကာကွယ်စောင့်ရှောက်ရေးအေဂျင်စီက ဆိုသည်။
Source: CNN
#ဟေတီ
#ငလျင်
#အိန္ဒိယ
#လူနေအိမ်ခြေ
#အရေးပေါ်
#cninews
#CNIMyanmar
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန် - - - https://cnimyanmar.com/.../peace.../622-2021-08-16-10-37-32
CNI TV Youtube Channel - - - https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw