CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅

ရက္ခိုင့်တပ်တော် (AA) ထဲကို နောက်ထပ် လူငယ်များ ဝင်ရောက်အမှုထမ်းကြဖို့ အများအပြားရှိနေတယ်လို့ ရက္ခိုင့်တပ်တော် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာရက္ခမီဒီယာနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။

“လူအင်အားအနေနဲ့က ကျနော်တို့ ရက္ခိုင့်တပ်တော်အနေနဲ့ ချို့ယွင်းချက်တော့ မရှိပါဘူး။ ကျနော်တို့မှာ ရခိုင်လူငယ်တွေအများကြီးရှိပါတယ်။ တတ်ကျွမ်းပြီးသားလူငယ်တွေ ကျနော်တို့ အများကြီး ပြုစုပျိုးထောင်ထားတယ်။ နောက်ပြီးတော့လည်း ရက္ခိုင့်တပ်တော်ထဲ ဝင်ဖို့ အများကြီးရှိပါတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

#AA
#ArakanArmy
#TunMyatNaing
#Rakhine
#Strategy
#CNINews
#CNIMyanmar
#ChannelNewsIndependent

Website တွင်ဖတ်ရှုရန် - - - https://cnimyanmar.com/index.php/political/politics-local/598-aa-2