CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅


ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့်အတူ ယှဉ်ပြိုင်နေစဉ် အိမ်ပြန်ရန် ငြင်းဆန်ပြီး မိမိနိုင်ငံ အာဏာသိမ်းခံရမှုကို လက်သုံးချောင်းထောင် ဆန္ဒထုတ်ဖော်ခဲ့သည့် မြန်မာ့လက်ရွေးစင် ဘောလုံးသမားတစ်ဦးကို ဂျပန် နိုင်ငံက ခိုလှုံခွင့်ပေးမည်ဖြစ်ကြောင်း တိုကျိုမှ လာသော သတင်းများကို အခြေခံ၍ Channel News Asia ဝက်ဘ်ဆိုက်က ဖော်ပြသည်။

ဂိုးသမား ပြည့်လျှံအောင်သည် ပြီးခဲ့သည့် မေလက ဂျပန်နိုင်ငံ၌ ကမ္ဘာ့ဖလားခြေစစ်ပွဲ မကန်မီ နိုင်ငံတော်သီချင်း သီဆိုရာ၌ လက်သုံးချောင်းထောင်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ အကယ် ၍ ၎င်းသည် မြန်မာနိုင်ငံသို့ ပြန်လာလျှင် အန္တရာယ်ရှိမည်ဖြစ်၍ ဂျပန်အစိုးရထံ ခိုလှုံခွင့်တောင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ပြည့်လျှံအောင်က ပြောသည်။

Source: Channel News Asia

#ဂျပန်အစိုးရ
#ပြည့်လျှံအောင်
#ဂျပန်လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ
#မြန်မာ့လက်ရွေးစင်
#ဘောလုံးသမား
#နိုင်ငံရေးခိုလှုံခွင့်
#အာဏာသိမ်း
#လက်သုံးချောင်းထောင်
#CNImyanmar
#cninews
#ChannelNewsIndependent

Website တွင်ဖတ်ရှုရန် - - - https://cnimyanmar.com/index.php/political/politics-local/589-2021-08-14-10-59-34

CNI TV Youtube Channel - - - https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw