CNI News

၂၀၂၁ ခုနှစ်၊ဩဂုတ် ၁၂

ဘောလ်တစ်နိုင်ငံတစ်နိုင်ငံဖြစ်သော လစ်သူဝေးနီးယား၌ ထိုင်ဝမ်အမည်ကို သုံးစွဲ၍ သံရုံးဖွင့်ခွင့်ပေးခဲ့ခြင်းကြောင့် ဘေဂျင်းမြို့ရှိ လစ်သူဝေးနီးယားသံအမတ်ကို ပြန်လည်ရုတ်သိမ်းပေးရန် လစ်သူဝေးနီးယားအစိုးရကို တရုတ်အစိုးရက တောင်းဆိုလိုက်ကြောင်း ရိုက်တာသတင်းကို ကိုးကား၍ နစ်ကိုင်း အေးရှားကဖော်ပြသည်။ ၎င်းတို့တရုတ်သံတမန်ကိုလည်း လစ်သူဝေးနီးယားနိုင်ငံ၏ မြို့တော် ဗီနီးယက်စ် (Vilnius) မှ ပြန်လည် ခေါ်ယူမည်ဖြစ်ကြောင်းလည်း တရုတ်ကဆိုသည်။

ဒီမိုကရေစီနည်းဖြင့် အုပ်ချုပ်နေသော ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်အတွင်း ထိရှအလွယ်ဆုံးကျွန်းအဖြစ် တရုတ်က သတ်မှတ်ထားပြီး ထိုင်ဝမ်ကျွန်းအား သီးခြားနိုင်ငံတစ်နိုင်ငံအဖြစ် ထောက်ခံသော မည်သည့်လှုပ်ရှားမှုကိုမဆို ဘေဂျင်းအနေဖြင့် ဒေါသတကြီး တုံ့ပြန်နေကျဖြစ်သည်။

Website တွင်ဖတ်ရှုရန် - - - https://cnimyanmar.com/index.php/local-news/local-health/543-2021-08-12-09-44-02