CNI NEWS
၂၀၂၁ခုနှစ်၊ သြဂုတ် ၁၀ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက်အဖြစ် ပိတ်ရက်ရှည်များတိုးကာ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်ခြင်းသည် တော်တော်လေးထိရောက်ကြောင်းနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုနှုန်းမှာ အနည်းငယ်လျော့ကျလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက CNI သတင်းဌာနသို့ပြောသည်။