CNI News

၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၀

ဆယ်စုနှစ် တစ်ခုနီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် စင်ကာပူချန်ဂီလေဆိပ်သည် စကိုင်းထရပ်က်စ် (Skytrax) က နှစ်စဉ်သုတေသနပြု ချီးမြှင့်ပေးအပ်နေကျဖြစ်သည့် ကမ္ဘာ့အကောင်းဆုံး လေဆိပ်များစာရင်းတွင် တတိယနေရာ၌သာ ရပ်တည်နိုင်ခဲ့ကြောင်း စီအင်န်အင်န်သတင်းတစ်ပုဒ်၌ တွေ့ရသည်။

ဒိုဟာ-ဟာမစ် နိုင်ငံတကာလေဆိပ်ကတော့ ၂၀၂၁ ခုနှစ်အတွက် နံပါတ်တစ် လေဆိပ်အဖြစ် သတ်မှတ်ခံရပြီး ချန်ဂီ လေဆိပ်က တတိယနေရာသို့ ရောက်သွားခဲ့ခြင်းဖြစ်သည်။