CNI News

၂၀၂၁ ခုနှစ်၊ဩဂုတ် ၉

၁၉၉၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ အလွန်အမင်းဆင်းရဲနွမ်းပါးသူ (ကမ္ဘာ့ဘဏ်သတ်မှတ်ချက်အရ တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၀ သာ ဝင်ငွေရှိသူ) လူဦးရေသည် ၁ ဒသမ ၉ ဘီလီယံမှ ၆၄၈ သန်းသို့ ကျဆင်း သွားခဲ့သည်။

သို့သော် ယင်းသို့ တိုးတက်လာသည့်နှုန်းကို COVID-19 က ပြောင်းပြန်လှန်လိုက်သည်။ ယခု ၂၀၂၁ ခုနှစ် အကုန်တွင် ကပ်ရောဂါသည် လူဦးရေ သန်း ၁၅၀ ခန့်ကို ဆင်းရဲတွင်းသို့ တွန်းပို့လိမ့်မည်ဟု ခန့်မှန်းထားသည်။

သို့သော် COVID-19 မတိုင်ခင်က လာမည့်ဆယ်စုနှစ်အတွင်း ကမ္ဘာကြီးသည် အလွန်အမင်းဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်နိုင်မည့် လမ်းကြောင်းပေါ်သို့ ရောက်ခဲ့သည်တော့ မဟုတ်ပေ။ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှု နှုန်းသည် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အကြား တစ်နှစ်လျှင် ရာခိုင်နှုန်းထက်ဝက်အောက် ကျဆင်းနေသဖြင့် တိုးတက်မှုနှုန်း နှေးကွေးလှသည်။