CNI News

၂၀၂၁ ခုနှစ်၊ သြဂုတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားသူ သုံးဦးကို နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)က သေ ဒဏ်ပေးလိုက်ကြောင်း NSCN-K ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးဂျူလိုင်ထောင်းက CNI သတင်းဌာနသို့ ပြောသည်။

NSCN ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးတပ်က မူးယစ်ဆေးဝါးများ တင်သွင်းနေကြောင်း သတင်းများရရှိ ၍ သွားရောက်ဖမ်းဆီးရှာဖွေခဲ့ရာ ဘိန်းဖြူဆပ်ပြာခွက် (၄၅၁) ခွက်၊ ကာလတန်း ဖိုး ကျပ်သိန်းပေါင်း နှစ်ထောင် ကျော် ၂၀,၂၉၅၀,၀၀၀) နှင့် PAJERO (၁)စီးတို့ကို သိမ်းဆည်းရရှိခဲ့ပြီး သြဂုတ် ၆ ရက်က မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

#ဦးဂျူလိုင်ထောင်း
#NSCN
#နာဂဒေသ
#မူးယစ်ဆေးဝါး
#အထူးတပ်ဖွဲ့
#CNImyanmar
#cninews