CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၄
တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဝူဟန်မြို့တွင် တစ်နှစ်ကျော်ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ပြည်တွင်း ကူးစက်မှုအဖြစ် တကျော့ပြန်တွေ့ရ၍ အာဏာပိုင်များက မြို့နေလူဦးရေအားလုံးကို COVID-19 စစ်ဆေး သွားမည်ဖြစ်ကြောင်း todayonline.com ဝက်ဘ်ဆိုက်က ဩဂုတ် ၃ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် လအတန်ကြာ ၎င်း၏ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုဒဏ်ကို ရင်ဆိုင်နေရပြီး ဝူဟန်မြို့နေသူ အားလုံးကို နေအိမ်အတွင်းမှာပဲ နေစေခြင်း၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ဖြတ်တောက်ခြင်း ဆောင်ရွက်နေရကြောင်း ဆိုသည်။ ပျံ့နှံ့မှုနှုန်း ပိုမိုမြန်သော အသွင်ပြောင်း COVID Delta မျိုးကွဲသည် ၎င်း၏ zero-covid ဗျူဟာနှင့် တရုတ်ပြည်တွင်းဖြစ်ကာကွယ်ဆေးများကို စိန်ခေါ်နေသည်။