CNI News

၂၀၂၁ ခုနှစ်၊ သြဂုတ် ၂ရက်

ဆွစ်ဇာလန်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဆွစ်ဇာလန်သံရုံးနှင့် Third Story Project အဖွဲ့တို့ ပူးပေါင်း၍ သြဂုတ် ၁ရက်နေ့က မြန်မာနိုင်ငံရှိ ကလေးများအတွက် ပုံပြင်စာအုပ် ၆၀၀၀ ကျော် လှူဒါန်းခဲ့ကြောင်း Third Story Project အဖွဲ့မှ သိရသည်။

Third Story Project အဖွဲ့မှ မန်နေးဂျင်းဒါရိုက်တာ မအိပွင့်ရှီဇံက “ကျမတို့ Third Story Project ကြီးပဲ လှူမယ် ဆိုရင် စာအုပ်က ၃၀၀၀ ကျော်လောက်ပဲ ဖြစ်သွားမယ်။ အခုကျတော့ ဆွစ်ဇာလန် အမျိုးသားနေ့ အထိမ်းအမှတ် အတွက် လှူပေးတဲ့အတွက် ကလေးတွေက စာအုပ်အမျိုးမတူတဲ့ အနည်းဆုံး ၁၀ မျိုး၊ ၁၂ မျိုးလောက် သူတို့ဖတ် ရတယ်ပေါ့လေ။ ပုံမှန်ဆို ကျမတို့လှူမယ်ဆို ၄ မျိုး၊ ၆ မျိုး လောက်ပဲ လှူနိုင်မှာပေါ့” ဟု ပြောသည်။