CNI News

ဟောင်ကောင် ဇူလိုင် ၃၁

ဟောင်ကောင်ရှိ ဈေးဝယ်စင်တာ(ရှော့ပင်းမောလ်) တစ်ခုတွင် အိုလံပစ်ဆုချီးမြှင့်ပွဲကြည့်နေစဉ် တရုတ်အမျိုးသားသီချင်းကို လှောင်ပြောင်မှုစွဲချက်ဖြင့် အမျိုးသားတစ်ဦးကို ဟောင်ကောင်ရဲက ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ဇူလိုင် ၃၀ ရက်၊ သောကြာနေ့တွင် ပြောကြားခဲ့သည်ဟု စီအင်န်အင်န်က ရေးသားခဲ့သည်။

အသက် ၄၀ ရှိ ၎င်းအမျိုးသားသည် ဇူလိုင် ၂၆ ရက်က အိုလံပစ်ဆုပေးပွဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေရင်း နိုင်ငံတော် သီချင်းကို စော်ကားလှောင်ပြောင်သည်ဟူသော စွဲချက်ဖြင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဟောင်ကောင်နာမည်ကြီး အားကစားသမား အက်ဂါချောင်က ၂၅ နှစ်အတွင်း ဟောင်ကောင်မြို့အတွက် ရွှေတံဆိပ် ဆွတ်ခူး ပေးခဲ့ပုံကို ပြသနေစဉ် နိုင်ငံတော် သီချင်းကိုပါ ထည့်သွင်းထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။