CNI News
အိန္ဒိယ၊ဇူလိုင် ၃၀
အိန္ဒိယနိုင်ငံ၊ ကာနာတာကာပြည်နယ်၊ ဟက်စန်းကျေးလက်မြို့လေးတွင် ဇူလိုင် ၂၈ ရက်၊ ညပိုင်းက လမ်းပေါ်သို့ စွန့်ပစ်ထားသော အိတ်အလုံးပေါင်း ၁၅ အိတ်မှ အိတ် ၂၀ ခန့်ကို ဖွင့်ကြည့်ရာ ဟက်စန်းဒေသခံများသည် မသေ မရှင် ဖြစ်နေကြသော မျောက်ကလေး အကောင်ရေ ၅၀ ခန့်ကို ထိတ်လန့်တုန်လှုပ်ဖွယ် တွေ့ခဲ့ရကြောင်း၊ မျောက် ကလေး ၃၆ မှာ သေဆုံးနေပြီး ကနဦး စုံစမ်းစစ်ဆေးမှုများအရ အဆိပ်မိပြီး ရိုက်နှက်ခံထားရကြောင်း အိန္ဒိယ သတင်း မီဒီယာများက ရေးသားဖော်ပြကြသည်။
ဒေသခံများနှင့် စေတနာ့ဝန်ထမ်များက အသက်ရှင်နေသေးသည့် မျောက်ကလေးများကို အစာနှင့်ရေ တိုက်ကျွေး ကြရန် ကြိုးစားကြပြီး သစ်တောဌာနနှင့် ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားခဲ့ကြကြောင်း The Inidian Express သတင်း ဝက်ဘ်ဆိုက်က ရေးသားထားသည်။