CNI News

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၃၀

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နားမော်ကျေးရွာအုပ်စု၊ မာန်ဟုန်ကျေးရွာ အုပ်ချုပ်ရေး မှူးကို ဇူလိုင် ၂၉ ရက် ည ၈ နာရီခန့်က ၎င်း၏ နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။

မာန်ဟုန်ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆိုင်ကယ် ၂ စီးဖြင့် လူ ၄ ယောက်မှ သေနတ်ဖြင့် လာရောက် ပစ်သတ် သွားခြင်းဖြစ်ကြောင်း ဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။

နားမော်ရွာသား စိုင်းခမ်းက “ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ယောက်က အိမ်ထဲဝင်ပြီး လာပစ်သတ်သွားတာ” ဟု ပြောသည်။