CNI News

၂၀‌၂၁ ခုနှစ်၊ ဇူလိုင် ၂၉

ပြည်ပမှ ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းရာတွင် အခက်အခဲမရှိစေပဲ ဈေးကွက်အတွင်း ဆေးဝါးများ ကုန်ပစ္စည်း မပြတ် လပ်စေရေး၊ အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းမှု လွယ်ကူလျင်မြန်ချောမွေ့စေရေးအဖွဲ့ (Task force) ဖွဲ့စည်း ဆောက်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဆေးဝါးနှင့် ဆေးပစ္စည်းတင်သွင်းလိုသော သူများအနေနှင့် အခက်အခဲ တစ်စုံ တစ်ရာ ဖြစ်ပါက ရန်ကုန်လုပ်ငန်းအဖွဲ့ (Task force) နှင့် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းကော်မတီရုံးဖုန်းသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပြီး သက်ဆိုင်ရာဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သော တာဝန်ခံ Contact Person များကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန Website တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကြေညာထားသည်။