CNI News
ပြည်တွင်းမှာ နေ့စဉ်နှင့်အမျှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်း မြင့်တက်လာနေဆဲမလို့ ဆေးဝါးနဲ့ ကိုဗစ် အသုံးအဆောင် ပစ္စည်းတွေဖြစ်တဲ့ နှာခေါင်းစည်း၊ ပီပီအီး(PPE)ဝတ်စုံတွေ၊ ရောဂါနဲ့သေဆုံးတဲ့သူတွေကို ထုတ်ပိုးတဲ့ Dead body သယ်တဲ့အိတ်တွေဟာ လိုအပ်နေတဲ့အတွက် ရောင်းလိုအားနဲ့ ဝယ်လိုအားတွေ တက်နေပါတယ်။
ဒါတွေကို ထုတ်လုပ်တဲ့ အသေးစား အလတ်စား စက်ရုံတွေလည်း များစွာ လိုအပ်နေတာတော့ အမှန်ပဲဖြစ်ပါတယ်။ ဒါကြောင့် PPE ဝတ်စုံ၊ Mask နဲ့ Dead body သယ်တဲ့အိတ်တွေ ထုတ်လုပ်နေတဲ့ အသေးစားအလတ်စား လုပ်ငန်းတစ်ခုဖြစ်တဲ့ Perfect အထည်ချုပ်စက်ရုံ တည်ထောင်သူ မဇင်မာထွန်း ကို CNI သတင်းဌာနက တွေ့ဆုံ မေးမြန်းထားပါတယ်။