CNI News
ဒီပူရ်(အာသံ) ဇူလိုင် ၂၈
အိန္ဒိယနိုင်ငံ၊ အာသံနှင့် မီဇိုရမ်ပြည်နယ်တို့ကြား နယ်စပ်အငြင်းပွားမှုကြောင့် ဇူလိုင် ၂၆ ရက်က အခြေအနေတင်းမာလာခဲ့ရာ အာသံရဲတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးရသဖြင့် အာသံ-မီဇိုရမ် အငြင်းပွားမှုအတွင်း သွေးထွက်သံယို အများဆုံးဖြစ်ခဲ့သည်။
အာသံရဲတပ်ဖွဲ့က ဗိုင်ရန်ဂိတ်ထဲသို့ ဝင်ရောက်လာစဉ် အာသံ-မီဇိုရမ် အငြင်းပွားဇုန်အတွင်း တိုက်ခိုက်မှု ပိုမိုပြင်းထန်ခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်နှစ်ဦးတို့ အပြန်အလှန်ဆွေးနွေးခဲ့ရာ တစ်ဖက်ပြည်နယ်ဝန်ကြီးချုပ်က အာသံဝန်ကြီးချုပ်အား ဗိုင်ရန်ဂိတ် ထဲမှ အာသံရဲတပ်ဖွဲ့ဝင်များ ပြန်ရုတ်သိမ်းရန်နှင့် အရပ်သားများ ဘေးရန်ကင်းစေရန် တိုက်တွန်းခဲ့သည်။