CNI News

စင်ကာပူ ဇူလိုင် ၂၂

ဒုတိယမြောက် ONE World ဟူသော ခေါင်းစီးကို ဆုံးရှုံးပြီးနောက် လအနည်းငယ်အကြာမှာ မြန်မာစပါးကြီး အောင်လအင်ဆန်းသည် သူ၏ရွှေခင်းသောလမ်းကို တဖန်ပြန်သွားဖို့ အသင့်ဖြစ်နေပြီဟု onefc.com က ရေးသားဖော်ပြသည်။

ထိုသို့ ပြန်သွားရမည့်လမ်းကြောင်းမှာလည်း ONE ကပဲ ဖြစ်ပြီး စင်ကာပူနိုင်ငံက မိုးလုံလေလုံအားကစားရုံထဲမှာ ယခုလကုန်ပိုင်း ဇူလိုင် ၃၀ ရက်၊ ညပိုင်း၌ အောင်လအင်ဆန်းက Leandro ‘Wolf’ Ataides နှင့် မစ်ဒယ်ဝိတ်တန်း ယှဉ်ပြိုင်ထိုးသတ်ဖို့ ရှိနေသည်။

ဤပွဲသည် အောင်လ၏အသက်ဝမ်းကျောင်းရပ်တည်မှုအတွက် နောက်တစ်ဆင့်ကို အဆုံးအဖြတ်ပေးလိမ့်မည်ဟုလည်း onefc.com က မှန်းဆထားသည်။