CNI News
၂၀၂၁ နိုဝင်ဘာ ၁၃
၎င်းက “SKD ကတော့ ပေးသွင်းထားပါတယ်။ သူက မပိတ်ဘူးပေါ့။ ဒါပေမယ့် အရောင်းအဝယ်က တအားကြီး မတက်ဘူး။ ပထမပိုင်းက ဒေါ်လာဈေးက တအားကြီး တက်သွားတယ်လေ။ တက်တဲ့အချိန်မှာတော့ အရောင်းအဝယ် ကောင်းတယ်။ နောက် ဒေါ်လာဈေးက နည်းနည်း ပြန်အေးတော့ လူတွေက နည်းနည်းပြန်အေးသွားတယ်။ ဒေါ်လာဈေး တက်တယ်ဆိုလို့ ဝယ်ကြတာလေ။ အခုက ဒေါ်လာဈေး နည်းနည်း အေးသွားတဲ့အခါကျတော့ အရောင်းအဝယ်က ပြန်အေးသွားတာပေါ့။ ဝယ် တဲ့သူလည်း နည်းနည်းရပ်သွားတယ် စောင့်ကြည့်နေကြတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်တိုင်းမော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ရောင်းချရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းမင်းမောင်ကတော့ ပြည် တွင်း၌ SKD စနစ်ဖြင့် ထုတ်လုပ်သည့် ကုမ္ပဏီအများစုမှာ အစောပိုင်းကာလက ရပ်နားထားခြင်းနှင့် SKD စနစ်ဖြင့် ထုတ် လုပ်သည့် မော်တော်ယာဉ်များအား ဒေါ်လာဖြင့် အရောင်းအဝယ် လုပ်ခြင်းတို့ကြောင့် ဈေးကွက် နည်းသွားသည်ဟု ဆိုသည်။