CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၂
၎င်းက“တပ်နေရာချထားမှုပေါ့။ ရွှေ့ပြောင်းလှုပ်ရှားမှုပေါ့၊ အဲအချိန်မှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ထိပ်တိုက်တွေ့မှုတွေ ရှိလာ တတ်ပါတယ်။ ဆိုလိုတာက‌‌တော့ အဓိက Bilateral တို့၊ NCA စာချုပ်တွေ ချုပ်ထားတာတောင်မှ ပြန်တိုက်နေကြတဲ့ အခြေအနေမျိုးမှာ နားလည်မှုနဲ့စစ်ပွဲကို ရပ်စဲထားရတာ စိတ်ချရတဲ့ ကိစ္စမဟုတ်ဘူး။ ဒါပေမယ့် နှစ်ဖက်လူကြီးတွေက ဆွေးနွေးညှိနှိုင်းမှုတွေ ရှိတယ်လို့ သိရတယ်။ ဒါကလည်း အောက်မြေပြင်အထိ တိကျတဲ့ သတ်မှတ်ချက် ညွန်ကြားချက်တွေ မလုပ်နိုင်ဘူးဆိုရင်တော့ ဒီလိုခဏခဏဖြစ်နေဦးမှာပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။
“လုံခြုံရေးနယ်စပ်စောင့်တပ်ဖွဲ့ပေါ့။ ပြီးတော့ စစ်တပ်ပေါ့။ မြောက်ပိုင်းဘက်ကို သွားတာ ကားနဲ့ပေါ့ သွားတာ တွေ့ပါတယ်။ ကျနော်ကတော့ စီးပွားရေးသမားဆို‌တော့ စီးပွားရေးနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်ရှိတာပေါ့။ တစ်ခုခုဖြစ်သွားရင် နယ်စပ်ဘက်သွားတာမို့ အသက်ထွက်နိုင်တယ်။ လမ်းကြောင်းလည်း အစိုးရဘက်က ပိတ်ဆို့ရင် အသွားအလာလည်း မလွယ်ဘူး။ စီးပွားရေ းအဆင်မပြေဘူးပေါ့။ စစ်ပွဲ ဒီထက် ပြင်းထန်လာရင်တော့ စီးပွား‌ရေးကို ထိခိုက်မှာမို့ စိုးရိမ်ချက်ရှိပါတယ်”ဟု ပြောသည်။