CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၂
“ငါးဈေး တက်လာပေမယ့် ငါးဈေးကလည်း အခု ပြန်ဆင်းသွားပြီ။ နောက်တစ်ခါ ပိုက်ဈေးတက် တယ်။ ခဲဈေးတက် တယ်။ ကြိုးဈေး တက်တယ်။ ဘော့ဈေး တက်တယ်။ ကြိုးနဲ့ ပတ်သက်တဲ့ စက်တို့ဘာတို့ အကုန်တက် တာပေါ့။ ပန်ကာဝင်ရိုး ထက်ဝက်နီးပါးလောက် တက်သွားတာကိုး။ အခု ငါးဖမ်း ကိရိယာနဲ့ ပတ်သက်လာရင်တော့ ဟိုတုန်းက ပိုက်ဈေးနဲ့ အခုနဲ့ ဆိုရင် မျှောပိုက်က ဈေးက ထက်ဝက်လောက် တက်သွားတယ်။ ဆိုတော့ လက်ရှိက ခဲဈေးက ဟိုတုန်းက တစ်ပိဿာမှ ၃၀၀၀ အခုက ၅၀၀၀ ကျော်သွားပြီ။ ကြိုးက အရင်တုန်းက တစ်ကီလိုကို ၂၀၀၀ ကျော် အခုဆိုလို့ရှိရင် ၅၀၀၀ ကျော် အားလုံး ဈေးတက်သွားတယ်။ ဒေါ်လာဈေးက ကျသွားပေမယ့် ပိုက်ဈေး၊ ကြိုးဈေး၊ ခဲဈေး အဲဒါတွေက မကျဘူး”