၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၁
YBS ယာဉ်လိုင်း ကုမ္ပဏီတစ်ခုဖြစ်သည့် GYCT Public Co.,Ltd ၏ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက “ကားတွေက အခု ဒီနေ့ဆိုရင် ၁၃၇ စီး လိုင်းပိတ်ပစ်လိုက်ပြီ။ လိုင်းပိတ်လိုက်ပြီးတော့ CNG ကို ထည့်လို့ မရတော့ဘူး။ ပိတ်တဲ့အထဲမှာ ယာဉ်မောင်း မပါ ဘူး။ ကားတွေကို ပိတ်တာ။ ကားကြီးက သူ့ကားပေါ်တက်ရင် ၅၀၀ ပေးပါလို့ အော်တာ မဟုတ်ဘူးလေ။ လူက တောင်းတာ။ အဲတော့ တောင်းတဲ့သူကို အရေးမယူဘဲနဲ့ ဘာမှ စကားမပြောတတ်တဲ့ ကားကြီးကို အရေးယူတဲ့ခေတ်ကြီးမှာ အဲတော့ ခရီး သည်များ ၁၃၇ စီး ပိတ်လိုက်တာဖြစ်တဲ့အတွက် ဘယ်လိုကားတွေနဲ့ ဆက်ပြီး သယ်ယူပို့ဆောင်ရေး လုပ်မလဲဆိုတာကို သမီး တို့ စောင့်ကြည့်လိုက်ပေါ့ သမီးရယ်။ ဒါတော့ ဦးလည်း မသိဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။
YRTC က ယာဉ်စီးခ တိုးကောက်ခြင်းနှင့် ယာဉ်နောက်လိုက် (စပါယ်ယာ)များ ပါ၀င်နေခြင်းရှိပါက ထိုစည်းကမ်းချိုး ဖောက်သည့် YBS ဘတ်စ်ကားများ အပြင် ယာဉ်မောင်းများကိုပါ အရေးယူမည်ဟု အောက်တိုဘာ ၂ ရက်နေ့က ထုတ်ပြန် ကြေညာထားသည်။