CNI International News
မင့်စ်(ဘီလာရုစ်)၊ နိုဝင်ဘာ ၁၁
ဘီလာရုစ်နိုင်ငံ၏ရပ်တည်ချက်နှင့် သမ္မတ အလက်ဇန္ဒားလူကာရှန်ကို အစိုးရအနေဖြင့် ခိုလှုံခွင့် တောင်းခံသူများ အား လက်နက်တပ်ဆင်ပေးသည်ဟု ပိုလန်က စွပ်စွဲအပြစ်တင်ခဲ့သည်။
“ပိုလန်နှင့် ဘီလာရုစ်နယ်စပ်ရှိ ရွှေ့ပြောင်းဝင်ရောက်လာသူများအကျပ်အတည်းအတွက် ဘီလာရုစ်စစ်တပ်၌ တာဝန်ရှိကြောင်း ပိုလန်၏စွပ်စွဲချက်သည် အခြေအမြစ်မရှိသည့်အပြင် တရားမဝင်ကြောင်း ပိုလန်စစ်သံမှူးကို မိမိတို့ ပြောကြားခဲ့သည်”ဟု ဘီလာရုစ်အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ကို ကိုးကားလျက် နိုင်ငံပိုင် Belta သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ နယ်စပ်တွင် ပိုလန်တပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းချထားခြင်းအပေါ်လည်း စိုးရိမ်မိကြောင်း ဘီလာရုစ်က ဆက်လက်၍ သတင်းထုတ်ပြန်ခဲ့သည်။