CNI International News
ဘာမင်ဂမ်၊ နိုဝင်ဘာ ၁၁
အာဖဂန်နစ္စတန်နိုင်ငံ၌ မိန်းကလေးငယ်များ ကျောင်းမတက်ရန် တာလီဘန်တို့၏ဖိနှိပ်မှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုကြောင့် မာလာလာကို နိုင်ငံတကာက အသိအမှတ်ပြုခဲ့ကြသည်။ သူမ အသက် ၁၅ နှစ်အရွယ်၌ ၎င်း၏ဦးခေါင်းကို တာလီဘန်အဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ခဲ့ပြီးနောက် အင်္ဂလန်သို့ လာရောက်၍ ဆေးဝါးကုသမှု ခံယူခဲ့ရသည်။ အသက် ၁၇ နှစ်အရွယ် ၂၀၁၄ ခုနှစ်၌ ၎င်းသည် နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်ခြင်းခံခဲ့ရပြီး အသက်အငယ်ဆုံး နိုဗယ်ဆုရှင် ဖြစ်လာခဲ့သည်။ ယမန်နှစ်က မာလာလာသည် အောက်စဖို့ဒ်တက္ကသိုလ်မှ ဒဿနိကဗေဒ၊ နိုင်ငံရေးနှင့် စီးပွားရေး ဘာသာရပ် များဖြင့် ဘွဲ့ရခဲ့သည်။