CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၅
နိုင်ငံရေးအပြောင်းအလဲ စတင်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ဘဏ်များတွင် ငွေထုတ်ရ ခက်ခဲခြင်း၊ ငွေထုတ်ရန် ရာခိုင်နှုန်းတစ်ခုပေး၍ ငွေထုတ်နေရခြင်းနှင့် ငွေသားရှားပါးမှု ပြဿနာတို့သည် လက်ရှိ အချိန်ထိ ပြေလည်မှုမရှိသေးခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် အခက်တွေ့နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သည့် Via Logistics abd Supply chain တည်ထောင်သူ ကိုသီဟပိုင်က “ကျနော်တို့ အခုလက်ရှိ ပြဿနာတက်နေတာက ဒေါ်လာ မဟုတ်တော့ဘူး။ ကျနော်တို့ ပြည်သူလူထုထဲမှာ လည်ပတ်နေတဲ့ ငွေကြေး ယန္တရားပေါ့နော်။ ဘဏ်မှာ ငွေထုတ်လို့ မရတဲ့ ပြဿနာ အဲဒီ အခြေအနေက ဟိုး အရင်ကတည်းက စလိုက်တဲ့ ဇာတ်လမ်းက အခုထိ မဆုံးသေးဘူး။ လူတွေကတော့ အဲဒါကြီးက ဘာမှ မပြော ကြပေမယ့်လို့ ပျော်နေတာတော့ မဟုတ်ဘူးပေါ့နော်။ အဆင်ပြေနေတာ မဟုတ်ဘူး။ ဒါကလည်း အချိန်အတိုင်း အတာတစ်ခုအထိတော့ သွားအုံးမယ်ထင်တယ်။ အဲဒါ မဖြစ်မချင်းတော့ ကျနော်တို့ စီးပွားရေးတွေက လုပ်ရတာ အဆင်ပြေမှာ မဟုတ်ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
#ငွေသားထုတ်ယူမှု
#ပို့ကုန်သွင်းကုန်
#ဘဏ်
#အခက်အခဲ
#စီးပွားရေးလုပ်ငန်းရှင်
#ရာခိုင်နှုန်း
#ငွေသားထုတ်ယူခြင်း
#ယုံကြည်မှု
#အကျိုးဆောင်ခ
#ဘဏ်ငွေစာရင်း
#cninews
#CNIMyanmar
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-business/2095-2021-11-05-07-48-09