CNI News

မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းရဲ့ ရိုက်ခက်မှုကို အလူး အလဲ ခံစားနေရပြီး ပြည်သူတွေရဲ့ ကြားမှာ လည်း ကိုဗစ်-၁၉ ကို ကာကွယ်တဲ့ နေရာမှာ ကြက်ဥစားသုံးခြင်းက ခန္ဓာကိုယ်ခုခံအား ကောင်းမွန်စေတယ်ဆိုတဲ့ ထင်မြင်ယူ ဆ ချက်တွေကြောင့် ဈေးကွက်အတွင်း ကြက်ဥအများအပြား ဝယ်ယူမှုတွေ ဖြစ်ပေါ်နေပါတယ်။

ဒါကြောင့် ဈေးကွက်ရဲ့ ဝယ်လိုအားကို ထုတ်လုပ်မှုက မလိုက်နိုင်ဘဲ ဈေးနှုန်း တွေ မြင့်တက်နေတာပါ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဈေးကွက် လိုအပ် ချက်၊ ‌ကြက်ဥ ဈေးနှုန်းတွေ ဘာတွေ ဆက်ဖြစ်နိုင်သလဲ၊ ကြက်ဥ ထုတ်လုပ်မှု အခြေအနေ ကရော ဘယ်လိုရှိလဲ ဒါတွေနဲ့ ပတ်သက်ပြီး ကြက်/ဘဲ မွေးမြူ ထုတ်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသိန်းမြင့်ကို CNI သတင်းဌာန က ဆက်သွယ် မေးမြန်းထားပါတယ်။