CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၄
ပြီးခဲ့သည့် ၅ လက ထောင်ဒဏ်ချမှတ်ခံထားရသည့် အမေရိကန်သတင်းထောက် ဒန်နီဖန်စတာ(Danny Fenster) ၏ အာမခံလျှောက်ထားမှုကို မြန်မာနိုင်ငံရှိ တရားရုံးတစ်ရုံးက ပယ်ချငြင်းဆိုခဲ့ပြီး ၎င်းအပေါ် စွဲချက်အသစ် ထပ်မံထည့်သွင်းခဲ့ကြောင်း ဒန်နီဖန်စတာ၏ရှေ့နေက ပြောကြောင်း အေပီနှင့် ရိုက်တာသတင်းဌာနများ၏ ဖော်ပြချက်ကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။
ဒန်နီဖန်စတာသည် မှားယွင်းသော (သို့မဟုတ်) လှုံ့ဆော်ရာရောက်သော သတင်းအချက်အလက်များ ဖြန့်ဝေ ရေးသားမှုဖြင့် စွဲချက်အတင်ခံထားရပြီး ယင်းစွဲချက်မှာ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့်ပြစ်မှုဖြစ်သည်။
Source: AP, Reuters, Aljazeera
#အမေရိကန်သတင်းထောက်
#ထောင်ဒဏ်ချမှတ်
#တရားရုံး
#လှုံ့ဆော်ရာရောက်သော
#သတင်းအချက်အလက်များ
#ဖြန့်ဝေရေးသားမှု
#ဆက်သွယ်မှုဥပဒေချိုးဖောက်မှု
#စွဲချက်တင်ခံ
#cninews
#CNIMyanmar
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/2072-2021-11-04-07-55-28